Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းရှိ ဇနီးမောင်နှံက တော်လှန်ရေးအတွက် ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ကို စိန်နားကပ်လှူဒါန်း

ယမန်နေ့(နိုဝင်ဘာလ ၁၅ရက်နေ့က တိုက်ပွဲဝင်ခဲ့သည့်အနီးနားရွာနေ ဇနီးမောင်နှံနှစ်ဦးက ZERO ပြောက်ကျားတပ်ဖွဲ့၏ ကြိုးစားမှုကို လေးစား၍ဆိုကာ ၂၀၁၃က ပြုလုပ်ထားသည့် စိန်၁၆ပွင့်ပါ နားကပ်တစ်ရံကို လှူဒါန်းခဲ့ကြောင်း ကိုသက်ကြီးက ပြောသည်။

စိန်နားကပ်အား Zero ပြောက်ကျားတပ်ဖွဲ့ကိုလှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Zero
စိန်နားကပ်အား Zero ပြောက်ကျားတပ်ဖွဲ့ကိုလှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Zero

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာနေ ဇနီးမောင်နှံက မန္တလေးတိုင်းအခြေစိုက် ZERO ပြောက်ကျားတပ်ဖွဲ့အား စိန်နားကပ်တစ်ရံကို တော်လှန်ရေးအတွက်လှူဒါန်းပေးခဲ့ကြောင်း အဆိုပါပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယမန်နေ့(နိုဝင်ဘာလ ၁၅ရက်နေ့က တိုက်ပွဲဝင်ခဲ့သည့်အနီးနားရွာနေ ဇနီးမောင်နှံနှစ်ဦးက ZERO ပြောက်ကျားတပ်ဖွဲ့၏ ကြိုးစားမှုကို လေးစား၍ဆိုကာ ၂၀၁၃က ပြုလုပ်ထားသည့် စိန်၁၆ပွင့်ပါ နားကပ်တစ်ရံကို လှူဒါန်းခဲ့ကြောင်း ကိုသက်ကြီးက ပြောသည်။

“ကျွန်တော်တို့ တိုက်ပွဲဆင်နွှဲနေတဲ့သတင်းတွေရယ်၊ ကျွန်တော်တို့လုပ်ရည်ကိုင်ရည်ကိုသိတဲ့ ကျေးရွာတစ်ရွာက ဇနီးမောင်နှံက လေးစားလို့ဆိုပြီးဆက်သွယ် လှူဒါန်းတာပါ။”ဟု ကိုသက်ကြီးက ပြောသည်။

စိန်နားကပ်အား Zero ပြောက်ကျားတပ်ဖွဲ့ကိုလှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Zero
စိန်နားကပ်အား Zero ပြောက်ကျားတပ်ဖွဲ့ကိုလှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Zero

ZERO ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ရတနာပစ္စည်းလှုဒါန်းရရှိမှု သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ ပထမဆုံးအကြိမ်မှာ မြင်းခြံမြို့မှ အမျိုးသမီးတစ်ဦးက ၂၂သိန်းတန် လက်ကောက်နှစ်ကွင်း၊ ဒုတိယအကြိမ်တွင် CDM ဆရာမတစ်ဦးက ပန်ထားသည့်နားကပ်ချွတ်လှူဖူးပြီး တစ်သိန်းရှစ်သောင်းရကြောင်း ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအား လက်နက်ကိုင်ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ဒေသခံပြည်သူများက ၎င်းတို့ပိုင်ဆိုင်သည့် လက်ဝတ်ရတနာများအပြင် အိမ်ခြံမြေများ၊ ကျွဲနွားများပါ ရောင်းချကာ ဒေသကာကွယ်ရေးအဖွဲ့များကို လှူဒါန်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook