Connect with us

Hi, what are you looking for?

သတင်း

ခန္တီးမြို့မှ လူငယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီးနောက် ထောင်ဒဏ် ၁၀နှစ်မတရားချမှတ်

ခန္တီးမြို့မှ မအေးသီရိဆိုသော အသက်(၂၇)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၂ရက်က ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

(မအေးသီရိအား တွေ့ရစဉ်)
(မအေးသီရိအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ခန္တီးမြို့မှ လူငယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် PDFအားထောက်ပံ့သည်ဟုစွပ်စွဲကာ ထောင်ဒဏ် ၁၀နှစ်မတရားချမှတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ခန္တီးမြို့မှ မအေးသီရိဆိုသော အသက်(၂၇)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၂ရက်က ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“သူက ရိုးရိုးအေးအေးနေသူပါ။ အခု မတရားဖမ်းဆီးခံရပြီး ထောင်၁၀နှစ်ချခံရတယ်။ ဒီနေ့(နိုဝင်ဘာ ၂၄ရက်)ထောင်ကို ပို့တော့မယ်လို့ ကြားတယ်”ဟု ခန္တီးမြို့ခံတစ်ဦးက ပြောသည်။

မအေးသီရိကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီက ဖမ်းဆီးခဲ့ပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထံ ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲကာ ပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ယနေ့(နိုဝင်ဘာ ၂၁ ရက်)တွင် ခန္တီးခရိုင်တရားရုံးမှ ထောင် ၁၀နှစ်ချမှတ် လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သမီးလေးက ကျန်းမာရေးလည်းမကောင်းဘူး။သမီးလေးအတွက် အယူခံဝင်ဖို့ ကြိုးစားနေပါတယ်”ဟု မအေးသီရိ၏ အမေက ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၁ရက်ကလည်းစစ်ကိုင်းတိုင်း တမူးမြို့မှ CDM ကျောင်းဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကိုလည်း ထောင်ဒဏ် ၁၀နှစ် မတရားချမှတ်ခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ ၁၃,၀၀၀နီးပါးကို ဖမ်းဆီးထားပြီး နိုဝင်ဘာ ၂၃ရက်အထိ ပြည်သူ ၁,၆၀၈ဦးကို ထောင်ဒဏ်ချမှတ််ထားသည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။