Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဇာဏ်ခီနှင့် ခရစ္စတီးနားခီတို့၏ ZKCK ဖက်ရှင်အမှတ်တံဆိပ် စတင်မည်

Zenn Kyi Christina Kyi ၏ အတိုကောက် ZKCK ဟု အမည်ပေးထားခြင်းဖြစ်ပြီး ၂၀၁၉ ကတည်းက ကိုယ်ပိုင်ဖက်ရှင် အမှတ်တံဆိပ်ထုတ်ရန် ရည်ရွယ်ခဲ့‌ သော်လည်း ရုပ်ရှင်ဘက်ကို အာရုံစိုက်နေရသောကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ဇဏ်ခီကဆိုသည်။

ZKCK
ZKCK

ဇာဏ်ခီနှင့် ခရစ္စတီးနားခီ က ZKCK အမည်ဖြင့် ကိုယ်ပိုင် ဖက်ရှင်အမှတ်တံဆိပ်ကို နိုဝင်ဘာ ၂၅ ရက်ယနေ့ စတင်မိတ်ဆက်မည်ဖြစ်သည်။

“အချိန်ကောင်းမဟုတ်ဘူးဆိုတာသိပေမယ့်ကိုယ် တိုင် က အဆင်ပြေမှသူများကိုကူညီနိုင်မှာဖြစ်တဲ့အတွက် ကျေနော် တို့ fashion brand တခုအနေနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်။ ကျနော်တို့ရဲ့ထုံးစံအတိုင်း quality ကိုဦးစားပေးပြီး product တွေကိုထုတ်လုပ်သွားပါမယ်” ဟု ဇဏ်ခီကရေးသားထားသည်။

Zenn Kyi Christina Kyi ၏ အတိုကောက် ZKCK ဟု အမည်ပေးထားခြင်းဖြစ်ပြီး ၂၀၁၉ ကတည်းက ကိုယ်ပိုင်ဖက်ရှင် အမှတ်တံဆိပ်ထုတ်ရန် ရည်ရွယ်ခဲ့‌ သော်လည်း ရုပ်ရှင်ဘက်ကို အာရုံစိုက်နေရသောကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ဇဏ်ခီကဆိုသည်။

” Covid နဲ့ Coup နဲ့ဝင်လာတော့ လုံးဝမလုပ်ဖြစ်တော့ဘူးလို့တောင်ထင်နေခဲ့တာ။အခုချိန်မှာတော့ ကျနော်တို့အနုပညာတွေဆက်လုပ်နိုင်ဖို့ ပြီးတော့မူရင်းရည်မှန်းချက်ဖြစ်တဲ့ အရည်အသွေးပြည့်ဝတဲ့ရုပ်ရှင်တွေဆက်လက်ဖန်တီးနိုင်ဖို့ ရပ်တည်မှုတွေခိုင်မြဲဖို့အတွက် ဒီ Brand ကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ” ဟု ဇဏ်ခီကရေးသားထားသည်။

Public Service Announcement

Public Service Announcement

ZKCK ဖက်ရှင်အမှတ်တံဆိပ်ကို နိုဝင်ဘာ ၂၅ ရက်တွင်စတင်မိတ်ဆက်မည်ဖြစ်ပြီး ပထမဆုံးရောင်းချမည့် ပစ္စည်းနှစ်ခုကို ကြေညာပေးကာ Pre Order ကောက်ခံမည်ဟု ၎င်းကဆိုသည်။

” အစပိုင်းမှာ ချစ်လို့ခင်လို့အားပေးကြမယ်ဆိုတာသိပေမယ့် နောက်ပိုင်းမှာ Brand ကို တကယ်ကြိုက်နှစ်သက်သွားတဲ့အဆင့်အထိရောက်သွားစေချင်တဲ့ဆန္ဒအပြည့်နဲ့ ZKCK ကိုဆောက်တည်သွားမှာပါ။” ဟု ဇဏ်ခီကရေးသားထားသည်။

ဆက်စပ်သတင်းများ

ဗီဒီယို

"ကျွန်တော်တို့ကို ပရိသတ်ကပေးထားတဲ့ ကျွန်တော်တို့ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ၊ ကျွန်တော်က ခရစ်(စ)ကို အမှတ်တရပေးထားတဲ့ Anniversary ပေးထားတဲ့လက်ဆောင်တွေ အဲဒီလိုမျိုး ကျွန်တော်တို့အတွက်အရမ်းတန်ဖိုးထားရတဲ့ပစ္စည်းတွေကို တစ်ခုချင်းစရောင်းမယ်လို့ဆုံးဖြတ်ထားတယ်" ဟု ဇဏ်ခီက ၎င်း၏ ပေ့ချ်မှ Live လွှင့်၍ပြောသည်။