Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဇဏ်ခီတို့စုံတွဲရဲ့ ပြည်သူ​တွေကို ကူညီမယ့်အစီအစဥ်

“ကျွန်တော်တို့ကို ပရိသတ်ကပေးထားတဲ့ ကျွန်တော်တို့ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ၊ ကျွန်တော်က ခရစ်(စ)ကို အမှတ်တရပေးထားတဲ့ Anniversary ပေးထားတဲ့လက်ဆောင်တွေ အဲဒီလိုမျိုး ကျွန်တော်တို့အတွက်အရမ်းတန်ဖိုးထားရတဲ့ပစ္စည်းတွေကို တစ်ခုချင်းစရောင်းမယ်လို့ဆုံးဖြတ်ထားတယ်” ဟု ဇဏ်ခီက ၎င်း၏ ပေ့ချ်မှ Live လွှင့်၍ပြောသည်။

ဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီနိုင်ရန် ၎င်းတို့မိသားစု၏ အမှတ်တရ ပစ္စည်းများကိုရောင်းချ ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်း ဇဏ်ခီက အသိ​ပေးလိုက်သည်။

“ကျွန်တော်တို့ကို ပရိသတ်ကပေးထားတဲ့ ကျွန်တော်တို့ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ၊ ကျွန်တော်က ခရစ်(စ)ကို အမှတ်တရပေးထားတဲ့ Anniversary ပေးထားတဲ့လက်ဆောင်တွေ အဲဒီလိုမျိုး ကျွန်တော်တို့အတွက်အရမ်းတန်ဖိုးထားရတဲ့ပစ္စည်းတွေကို တစ်ခုချင်းစရောင်းမယ်လို့ဆုံးဖြတ်ထားတယ်” ဟု ဇဏ်ခီက ၎င်း၏ ပေ့ချ်မှ Live လွှင့်၍ပြောသည်။

အဆိုပါအစီအစဥ်အတွက် ZENN KYI CHRISTINA KYI CHARITY အမည်ဖြင့် ပေ့ချ်ဖွင့်ကာ လက်မှတ်များရောင်းချ၍ ရန်ပုံငွေရှာဖွေမည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဇဏ်ခီက ခရစ်(စ)တီးနားခီကို မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရ ပေးထားသည့် ဆွဲကြိုး နှင့် နားကပ်ကို ရောင်းချပေးမည်ဖြစ်ပြီး လက်မှတ်များဝယ်ယူ၍ ယင်းအစီအစဥ်၌ပါဝင်နိုင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်မှတ်တစ်စောင်လျှင် ငွေကျပ်တစ်သောင်း သတ်မှတ်ထားကာ အခြားနိုင်ငံများမှ အားပေးလိုသူများအတွက်လည်း ပေ့ချ်၌ အသေးစိတ်ဖော်ပြထားသည်။

လက်ရှိအချိန်သည် အားလုံးပင်ပန်းနေချိန်ဖြစ်သောကြောင့် အလှူငွေမကောက်ခံဘဲ အထက်ပါအစီအစဥ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဇဏ်ခီကပြောသည်။

ဇဏ်ခီတို့ဇနီးမောင်နှံသည် ကိုဗစ်ကာလ အတွင်းကလည်း အခက်အခဲရှိသူများကို ကူညီရန်အတွက် ငွေကျပ်သိန်း ငါးဆယ် မတည်၍ FCPN အမည်ဖြင့် အဖွဲ့ဖွဲ့ကာ အလှူငွေများကောက်ခံ၍ ပြန်လည်လှူဒါန်းပေးခဲ့သည်။

အဆိုပါအစီအစဥ်ကို အပတ်စဥ် ပြုလုပ်မည်ဖြစ်ပြီး ရရှိလာသည့် ငွေအားလုံးကို လိုအပ်သည့်နေရာများသို့ လှူဒါန်းမည်ဟု ဇဏ်ခီကပြောသည်။

“ဒီပရိုဂရမ်ကြီးထွားနိုင်ဖို့ ရှင်သန်နိုင်ဖို့ ရေရှည်သွားနိုင်ဖို့ဆိုရင် အားလုံးရဲ့ပါဝင်ပတ်သတ်မှုလိုပါတယ်။ ဒါကြောင့် ဒီ Charity ပရိုဂရမ်ကို အားလုံးကိုဖိတ်ခေါ်ပါတယ်”ဟု ဇဏ်ခီကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။