Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် စစ်ကောင်စီတပ် ရောက်နေသည့် ရွာအနီး ဆီတင်ယာဉ်တစ်စီး ဓားပြတိုက်ခံရ

ဓားပြတိုက်ခံရသူ၏ ပြောကြားချက်အရ အရပ်ဝတ်နဲ့ လူ ၁၀ဦးခန့်က ကားတားပြီး စစ်ဆေးမည့်ပုံစံပြု၍ ပိုက်ဆံနဲ့ဖုန်းကို ယူဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

အင်းတော်
အင်းတော်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာအနီးတွင် ဆီတင်ယာဉ်တစ်စီး ဓားပြတိုက်ခံရပြီး ငွေကြေးနှင့် ဖုန်းပါသွားကြောင်း Indaw Revolutionက ဖော်ပြသည်။

ယနေ့(နိုဝင်ဘာ ၂၅ရက်) ညနေပိုင်း ၄နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ခန့် ရောက်ရှိနေသည့် ပင်ဝယ်ရွာထိပ် အကွေ့နားတွင် ဆီကားမောင်းသည့်ကားဆရာတစ်ဦး ဓားပြတိုက်ခံရပြီး ကျပ် ၃၅သိန်းနှင့် ဖုန်းတစ်လုံးပါသွားကြောင်း ဖော်ပြထားသည်။

ဓားပြတိုက်ခံရသူ၏ ပြောကြားချက်အရ အရပ်ဝတ်နဲ့ လူ ၁၀ဦးခန့်က ကားတားပြီး စစ်ဆေးမည့်ပုံစံပြု၍ ပိုက်ဆံနဲ့ဖုန်းကို ယူဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ သတိထားမိသလောက် သူတို့ရှိတဲ့နေရာဆို အမြဲတမ်းဓားပြတိုက်မှုတွေက ဖြစ်တယ်ဗျ။ ဖြစ်တာကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ စစ်ခွေးလှုပ်ရှားမှု သတင်းတွေကို နားစွန့်ပြီးတော့ပဲ သွားလာကြဖို့ အဲဒီလိုပဲ သတိပေးချင်တယ်” ဟု အင်းတော် ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သူထဲက တစ်ယောက်တွင် မျက်ခုံးမှာ ဒဏ်ရာရရှိထားကြောင်း Indaw Revolution က ဖော်ပြသည်။

နိုဝင်ဘာ၁၁ရက်ကလည်း စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့် နဘား-ကသာကြားတွင် အမျိုးသမီးတစ်ဦးဓားပြတိုက်ခံခဲ့ရပြီး ပိုက်ဆံ၁၀သိန်းဖိုးခန့် ပစ္စည်းများပါသွားသည်ဟုလည်း အသိပေးထားသည်။

အင်းတော်ဒေသ၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိသကဲ့သို့ ယနေ့ ညနေပိုင်း၌ အင်းတော်ရဲစခန်းမှ ကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်နေသည်ဟုလည်း ဖော်ပြထားသည်။ ပစ်ခတ်မှုကြောင့် နားနောင်ရွာထိပ် ၁လုံး၊ ကျော်ရွာ ရွာထိပ်၄လုံးနှင့် လယ်ပြင်ရွာထိပ် ၂လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားပြီး ပြည်သူများ ဂရုစိုက်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။