Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံတွင် ပျူခေါင်းဆောင်အမျိုးသမီးဆိုသူနှင့် ပျူ ၃ဦးကို ပကဖရှင်းလင်းဟုတာဝန်ရှိသူ​ပြော

ထိုပျူ​စောထီးအဖွဲ့ကို လှေပေါ်တွင်သုတ်သင်ပြီးနောက်စွန်ရဲအဖွဲ့က လုယက်ထားသည့်ပစ္စည်းများကိုလည်းသိမ်းဆည်းရမိကြောင်းLLPDFကအသိ​ပေးသည်။

(ပျူအဖွဲ့ထံမှ သိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-LLPDF)
(ပျူအဖွဲ့ထံမှ သိမ်းဆည်းရမိ​သောပစ္စည်းများ။ ဓါတ်ပုံ-LLPDF)

လောင်းလုံမြို့၊ ကျော်နီမော်ရွာအသွားလမ်းတွင်ပျူစောထီးခေါင်းဆောင်အမျိုးသမီးနှင့် ပျူစောထီး ၃ဦးကို နိုဝင်ဘာ ၂၃ရက် သုတ်သင်ခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့( ပ.က.ဖ) -LLPDFမှတာဝန်ရှိသူက ​ပြောသည်။

အဆိုပါပျူစောထီးခေါင်းဆောင် ​​ဒေါ်ဝင်းခိုင်​ကျော်သည် ရေတပ်ဗိုလ်ကြီး၏ မိခင်ဖြစ်ပြီး ပြည်သူများကို ဥပမဲ့သတ်ဖြတ်နေသည့် စွန်ရဲအဖွဲ့နှင့်လည်းပတ်သတ်သူဖြစ်သည်ဟု LLPDFတာဝန်ရှိသူကပြောသည်။

“ဟုတ်ပါတယ်။ ပျူစောထီးခေါင်းကြီးပါသူ့သားက ရေတပ်ထဲက ဗိုလ်ကြီးတစ်ဦး ဖြစ်ပါတယ်။စစ်ကောင်စီမော်တော်ဘုတ်တွေနဲ့တစ်ခါတစ်လေထားဝယ်-ကျောက်နီမော် ရေလမ်းမှာ အသုံးပြု သွားလာနေသူပါ။စွန်ရဲ နဲ့ ပျူစောထီးတွေက ကျောက်နီမော် ကျေးရွာမှာ အတူတူ နေကြတာပါ။”ဟု LLPDFက တာဝန်ရှိသူက ပြောသည်။

ထို့အပြင်၎င်းသည်ကျောက်နီမော်ရွာပျူခေါင်းဆောင်ချစ်စမ်းမောင် ကိုရေကြောင်းလမ်းမှ မူးယစ်ဆေး ဝါးများနှင့် အရက်၊ဘီယာဖာများကို သယ်ယူပို့ပေးနေသူဖြစ်သည်ဟုလည်းဆိုသည်။စစ်ကာင်စီတပ်များကိုရေကြောင်းလမ်းမှ လမ်းပြပို့ပေးပြီး ရဲစခန်းမှာ နေထိုင်လေ့ရှိသူလည်းဖြစ်သည်ဟု၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုပျူ​စောထီးအဖွဲ့ကို လှေပေါ်တွင်သုတ်သင်ပြီးနောက်စွန်ရဲအဖွဲ့က လုယက်ထားသည့်ပစ္စည်းများကိုလည်းသိမ်းဆည်းရမိကြောင်းLLPDFကအသိ​ပေးသည်။

သိမ်းစည်းရမိသည့်ပစ္စည်းများမှာရွှေဆွဲကြိုး(၂) ကုံး၊ ပလက်တီနမ်ကြိုး (၃)ခု၊လက်စွပ်(၈)ကွင်း၊နားကပ်(၂)စုံ ၊လက်ကောက်(၂) ကွင်း၊ ငွေကျပ်(၃,၁၃၈,၀၀၀)၊ စကားပြောစက်(၁)လုံး၊ဓားရှည်/အတို(၃)လက်၊ပိုက်ဆံအိတ်(၁)လုံး ၊ဖုန်းကတ်(၅)ခု၊ မမ်မိုရီ(၂)ကတ်၊ အားသွင်းကြိုး(၂)စုံ ၊ဧည့်စာရင်းစာရွက် (၂)ခုတို့ဖြစ်ကြောင်း ​လောင်းလုံPDF အဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။