Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သည့် ခဝါသည်ရွာဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ

အိမ်ခြေ ၁၃၀ကျော်ရှိ ခဝါသည်ရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ရာ နေအိမ် ၉၅ လုံး ပျက်စီးခဲ့ရကြောင်း အသိပေးထားသည်။ မီးလောင်မှုကြောင့် စားနပ်ရိက္ခာများ၊ အဝတ်အထည်နှင့် အိမ်အသုံးအဆောင်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Infinity Group)
(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Infinity Group)

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့၍ ဒေသခံပြည်သူများအရေးပေါ် အကူအညီ လိုအပ်လျက်ရှိသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။

(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Infinity Group)
(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – Infinity Group)

အိမ်ခြေ ၁၃၀ကျော်ရှိ ခဝါသည်ရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ရာ နေအိမ် ၉၅ လုံး ပျက်စီးခဲ့ရကြောင်း အသိပေးထားသည်။ မီးလောင်မှုကြောင့် စားနပ်ရိက္ခာများ၊ အဝတ်အထည်နှင့် အိမ်အသုံးအဆောင်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“သက်ကြီးရွယ်အို ၇၁ယောက်ရှိတယ်။ လူကြီးတွေနဲ့ဆိုတော့ စစ်ကြောင်းလာလို့ ပြေးတဲ့အခါ နည်းနည်း ကသီလင်တ ဖြစ်တာမျိုးတွေရှိတယ်။ အခုဆောင်းရာသီဆိုတော့ ကလေးတွေကလည်း ရာသီအကူးအပြောင်း ကာလမှာ အအေးမိ၊ဖျားနာ၊ ချောင်းဆိုးတွေဖြစ်ကြတယ်”ဟု ခဝါသည်ရွာခံများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူ တစ်ဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Infinity Group)
(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – Infinity Group)

စစ်ကောင်စီတပ်သည် ယခုနှစ်အတွင်း ကျွန်းလှမြို့နယ်မှ ကျေးရွာ (၁၁)ရွာကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ နေအိမ် ၅၅၀ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာပါက ဒေသခံ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရပြီး အခက်အခဲများစွာ ကြုံနေကြရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။