Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူခရိုင်တွင်နှစ်လအတွင်း စစ်ကောင်စီစွန့်လွှတ်သည့် ရဲစခန်း သုံးခုရှိလာ

PDFများကမကြာခဏတိုက်ခိုက်လာ​ပြီး​နောက်စစ်ကောင်စီတပ်စွန့်လွှတ်လိုက်သည့် ရဲစခန်းများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ သရက်ကန်ရဲစခန်း၊ ဗဟင်းရဲစခန်းနှင့် ကိုင်းလယ်ရဲစခန်းတို့ဖြစ်သည်။

ကိုင်လယ်ရဲစခန်းကို နိုဝင်ဘာ ၂၆ တွင် PDF များကတိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ
ကိုင်လယ်ရဲစခန်းကို နိုဝင်ဘာ ၂၆ တွင် PDF များကတိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ

ပခုက္ကူခရိုင်အတွင်းစစ်ကောင်စီတပ်က နှစ်လအတွင်း စွန့်လွှတ်လိုက်ရသည့် ရဲစခန်း ၃ခု အထိရှိလာပြီဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများကပြောသည်။

စစ်ကောင်စီတပ်က ကျေးလက်များကို လက်လွှတ်ပြီး မြို့ပြများကို ထိန်းချုပ်နိုင်ရန်အတွက် မကွေးတိုင်းရှိ နယ်မြေရဲစခန်းများကို လက်လွှတ်​ပေးလာခြင်းဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူအချို့ကသုံးသပ်ပြောကြားသည်။

စစ်ကောင်စီကဖျက်ဆီး၍စွန့်လွတ်သွား​သော ဗဟင်းရဲစခန်း ဓါတ်ပုံ-CJ
စစ်ကောင်စီကဖျက်ဆီး၍စွန့်လွတ်သွား​သော ဗဟင်းရဲစခန်း ဓါတ်ပုံ-CJ

“ရွှေးကောက်ပွဲအတွက် စစ်ကောင်စီက ကျေးလက်တွေကို စွန့်လွှတ်ပြီး မြို့တွေကို အသေလဲကာကွယ်ဖို့ လုပ်နေတာလို့ထင်တယ်။ မြို့တွေမှ အခြေခိုင်မှာ ရွာတွေက PDFတွေကို စစ်ကြောင်းအကြီးအကျယ်ထိုးမယ် သဘောရှိတယ် ”ဟု အနောက်ပိုင်းတပ်မဟာ(၇)၊ တပ်ရင်း (၇၀၃)၊ ကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကသူ၏အမြင်ကိုပြောသည်။

PDFများကမကြာခဏတိုက်ခိုက်လာ​ပြီး​နောက်စစ်ကောင်စီတပ်စွန့်လွှတ်လိုက်သည့် ရဲစခန်းများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ သရက်ကန်ရဲစခန်း၊ ဗဟင်းရဲစခန်းနှင့် ကိုင်းလယ်ရဲစခန်းတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သရက်ကန်ရဲစခန်းကို အောက်တိုဘာ ၂ ရက်က မီးရှို့ပြီး စစ်ကောင်စီတပ်က စွန့်လွှတ်ထားခဲ့သည်။

မြိုင်မြို့နယ် ဗဟင်းရဲစခန်းကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ ရက် စွန့်ခွာသွားပြီး ရွာမှာ လူနေအိမ် ၇၀ခန့်ကို မီးရှို့သွားသည်။

ထိုအပြင်ပေါက်မြို့နယ်တောင်ပိုင်းရှိ ကိုင်းလယ်ရဲစခန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက PDFများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရန် ကြိုးစားစဉ် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးကာ စခန်းကို စွန့်ခွာထွပ်​ပြေးသွားခဲ့သည်။

ရဲစခန်းကို သိမ်းပိုက်ရန် ဒေသခံကာကွယ်ရေးတပ်များ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နာရီဝက်ခန့်ပစ်ခတ်ခဲ့ပြီး စခန်းကို မီးရှို့ကာစွန့်ခွာသွားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသကာကွယ်ရေးတပ်မှ ၂ ဦးကျဆုံးခဲ့ရသည်။ ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများ​ကြောင်းလည်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။