Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြေပြင်တော်လှန်ရေးအတွက် သူမြတ်နိုးသည့်ဂစ်တာကိုကံစမ်းမဲလက်မှတ်ရောင်း ရန်ပုံငွေရှာဖွေမည့် မင်းမော်ကွန်း

ယင်းကမ်ပိန်း၏ ကံထူးရှင်ကို ဇန်နဝါရီ ၁ ရက်တွင် မဲဖောက်ပေးမည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးရန် မင်းမော်ကွန်းက မေတ္တာရပ်ခံထားသည်။

ရန်ကုန်မြေပြင်တော်လှန်ရေးအတွက် သူမြတ်နိုးသည့်ဂစ်တာကိုကံစမ်းမဲလက်မှတ်ရောင်း ရန်ပုံငွေရှာဖွေမည့် မင်းမော်ကွန်း
ရန်ကုန်မြေပြင်တော်လှန်ရေးအတွက် သူမြတ်နိုးသည့်ဂစ်တာကိုကံစမ်းမဲလက်မှတ်ရောင်း ရန်ပုံငွေရှာဖွေမည့် မင်းမော်ကွန်း

ဂီတကိုစတင်သင်ကြားချိန်ကတည်းက တီးခတ်ခဲ့သည့် ဂစ်တာနှင့် ရန်ကုန်မြေပြင်တော်လှန်ရေးအတွက် လိုအပ်နေသော နေရာများတွင် အသုံးပြုရန် ရန်ပုံငွေရှာဖွေမည်ဟု မင်းမော်ကွန်းက အသိပေးထားသည်။

” ဒီဂစ်တာလေးဟာ ကျနော့်ရဲ့ ဂီတဆရာဖြစ်သလို၊ ကျနော့်ရဲ့ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တွေဆီကတစ်ဆင့် ပြန်လည်၀ယ်ယူထားတဲ့ ဂစ်တာလေးလဲ ဖြစ်ပါတယ်။ ကျနော် သီချင်းပေါင်းမြောက်မြားစွာ ရေးခဲ့၊ ဆိုခဲ့၊ တီးခတ်ခဲ့တဲ့ ကျနော်ရဲ့ ဂီတမိတ်ဆွေလဲ ဖြစ်ပါတယ် ” ဟု မဲဖောက်ပေးမည့် ဂစ်တာနှင့် အမှတ်တရ ကို မင်းမော်ကွန်းကပြောသည်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက သူတီးခတ်ခဲ့၊ ရင်းနှီးခဲ့၊ ဂီတကိုသင်ကြားခွင့်ရခဲ့တဲ့ ဂစ်တာလေးဖြစ်ပြီး ယင်းဂစ်တာနှင့်ပထမဆုံးရေးခဲ့သည့်သီချင်းက “အေဘီစီဒီ” ဖြစ်ကာ နောက်ဆုံးရေးခဲ့သည့်သီချင်းကတော့ “မအလ” သီချင်းဖြစ်သည်ဟု သူကပြောထားသည်။

ရန်ကုန်မြို့ပြညရဲ့ ဂစ်တာသံများ ကမ်ပိန်းလက်မှတ်များကို ဒီဇင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း ရောင်းချမည်ဖြစ်ပြီး ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၂၀ သတ်မှတ်ကာ သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးများဖြင့် ရောင်းချပေးမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျနော် တောထဲတောင်ထဲရောက်တဲ့အချိန်မှာ ရန်ကုန်ကနေ ပြည်လည်ပြီးတော့မှာယူခဲ့တဲ့ တစ်ခုတည်းသော အမြတ်နိုးဆုံး အမှတ်တရပစ္စည်းလဲ ဖြစ်ပါတယ် ” ဟု မင်းမော်ကွန်းကဆိုသည်။

၎င်းအတွက် အမှတ်တရအဖြစ်ဆုံးပစ္စည်းဖြစ်သောကြောင့် ၎င်း၏မွေးရပ်ဇာတိအတွက် အကျိုးပြုစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု မင်းမော်ကွန်းကပြောသည်။

ယင်းကမ်ပိန်း၏ ကံထူးရှင်ကို ဇန်နဝါရီ ၁ ရက်တွင် မဲဖောက်ပေးမည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးရန် မင်းမော်ကွန်းက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။