Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံမြို့ပြပြောက်ကျားတပ်ဖွဲ့ မြေပြင်တာဝန်ခံနှင့် ရဲဘော်အချို့ ဖမ်းဆီးခံရ

SDGFမှ ရဲဘော်များသည် ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မြေပြင်လှုပ်ရှားမှုတာဝန်ခံအပါအဝင် ရဲဘော်ဆယ်ဂဏန်းခန့်ရှိသည်ဟု ဆိုသည်။

တောင်ဒဂုံမြို့ပြပြောက်ကျားတပ်ဖွဲ့ မြေပြင်တာဝန်ခံနှင့် ရဲဘော်အချို့ ဖမ်းဆီးခံရ
တောင်ဒဂုံမြို့ပြပြောက်ကျားတပ်ဖွဲ့ မြေပြင်တာဝန်ခံနှင့် ရဲဘော်အချို့ ဖမ်းဆီးခံရ

▪️မြေပြင်တာဝန်ခံမှာ စိုးရိမ်ဖွယ်ရှိနေဟုဆို

ရန်ကုန်မြို့အခြေစိုက် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ စစ်ရေးလှုပ်ရှားမှု မြေပြင်တာဝန်ခံနှင့် ရဲဘော်အချို့ စစ်ကောင်စီတပ်၏ အလစ်အငိုက်ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ယင်းတပ်ဖွဲ့ (SDGF)က ပြောသည်။

SDGFမှ ရဲဘော်များသည် ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မြေပြင်လှုပ်ရှားမှုတာဝန်ခံအပါအဝင် ရဲဘော်ဆယ်ဂဏန်းခန့်ရှိသည်ဟု ဆိုသည်။

“အတိအကျတော့ ပြောလို့အဆင်မပြေဘူးဗျ။ Scott ပိုင်းရော Fighter ပိုင်းရောဆိုရင်တော့ ဆယ်ဂဏန်း‌ လောက်ရှိပါတယ်”ဟု SDGF မှ လွတ်မြောက်နယ်မြေရောက် ရဲဘော်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသော ရဲဘော်များတွင် မြေပြင်တာဝန်ခံမှာ စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရချိန်မှစ၍ ယနေ့အချိန်အထိ လုံးဝအဆက်အသွယ်မရတော့ဘဲ အဆက်အသွယ်ပြတ်တောက်သွားခြင်းကြောင့် စိုးရိမ်ရသည့်အနေခြအနေတွက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

SDGF ၏ တပ်ဖွဲ့ဝင်ရဲဘော်များဖမ်းဆီးခံခဲ့ရသော်လည်း ကျန်ရှိနေသောရဲဘော်များမှာ တော်လှန်ရေးခရီးဆက်ရန် လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အသိပေးထားသည်။

တောင်ဒဂုံမြို့ပြပြောက်ကျားတပ်ဖွဲ့သည် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်လျှက်ရှိရာ စက်တက်ဘာ ၂၅ ရက်က ထွေအုပ်ဝန်ထမ်း ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးနှင့် ထွေအုပ်ဖယ်ရီယာဥ်မောင်းတစ်ဦးအား ရှင်းလင်းမှုမှာ လူသိများသော စစ်ရေးတိုက်ခိုက်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။