Connect with us

Hi, what are you looking for?

သတင်း

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအားသေဒဏ်ချခံရ

ယခုကဲ့သို့ ကျောင်းသားခုနစ်ဦး မတရားသေဒဏ်ချမှတ်ခံရခြင်းအပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံ People’s Spring က ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအားသေဒဏ်ချခံရ
ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအားသေဒဏ်ချခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားခုနစ်ဦးအားစစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့(ဒီဇင်ဘာ ၁)ထုတ်ပြန် သည်။

စစ်ကောင်စီ၏ မတရားပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကျောင်းသားခုနစ်ဦးမှာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့ဖြစ်ပြီး ၎င်းတို့ကို ယခုနှစ်(ယခုနှစ်၂၀၂၂)ဧပြီ ၂၁ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အထက်ပါ ကျောင်းသားခုနစ်ဦးကို (နိုဝင်ဘာ ၃၀)က စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်း အထူးစစ်ခုံရုံးမှ ကျောင်းသားခုနစ်ဦးကို ပုဒ်မ ၃၀၂(က)မတရားစွပ်စွဲကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းအပေါ် အထက်ပါကျောင်းသားခုနစ်ဦးအား ပတ်သက်မှုရှိသည်ဆိုကာ စွပ်စွဲဖမ်းခံရခြင်းဖြစ် ကြောင်း ကျောင်းသားအသိုင်းအဝိုင်းမှ သိရသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ ကျောင်းသားခုနစ်ဦး မတရားသေဒဏ်ချမှတ်ခံရခြင်းအပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံ People’s Spring က ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။