Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၃ ရွာဆက်တိုက်မီးရှို့

မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်မူ ဆားလင်းကြီးမြို့ပေါ်သို့ ပြန်ဝင်သွားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

(မီးလောင်ကျွမ်းပျက်စီးခဲ့သော ထန်းဇင်ကျေးရွာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေး)
(မီးလောင်ကျွမ်းပျက်စီးခဲ့သော ထန်းဇင်ကျေးရွာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ရွာစဥ်လှည့်မီးရှိူ့နေသော စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း သုံးရွာဆက်တိုက် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းက ဆားထုံး၊လက်ပန်ကျွန်း၊တောကျောင်းကျေးရွာများအား မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်မူ ဆားလင်းကြီးမြို့ပေါ်သို့ ပြန်ဝင်သွားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

“လက်ပန်ကျွန်းရွာက အကုန်နီးပါး ပါသွားတယ်။”ဟု ​ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့က ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၂၅လုံးဝန်းကျင် မီးလောင်ပျက်စီးခဲ့ကြောင်း မျိုးဆက်သစ်လူငယ် Local PDF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက် )မွန်းလွဲပိုင်းက ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်းထန်းဇင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးရှိထန်းပုရွာကိုပါ ဝင်ရောက်ကာ ပြည်သူအချို့ကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။