Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၃ ရွာဆက်တိုက်မီးရှို့

မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်မူ ဆားလင်းကြီးမြို့ပေါ်သို့ ပြန်ဝင်သွားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

(မီးလောင်ကျွမ်းပျက်စီးခဲ့သော ထန်းဇင်ကျေးရွာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေး)
(မီးလောင်ကျွမ်းပျက်စီးခဲ့သော ထန်းဇင်ကျေးရွာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ရွာစဥ်လှည့်မီးရှိူ့နေသော စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း သုံးရွာဆက်တိုက် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းက ဆားထုံး၊လက်ပန်ကျွန်း၊တောကျောင်းကျေးရွာများအား မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်မူ ဆားလင်းကြီးမြို့ပေါ်သို့ ပြန်ဝင်သွားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

“လက်ပန်ကျွန်းရွာက အကုန်နီးပါး ပါသွားတယ်။”ဟု ​ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့က ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၂၅လုံးဝန်းကျင် မီးလောင်ပျက်စီးခဲ့ကြောင်း မျိုးဆက်သစ်လူငယ် Local PDF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက် )မွန်းလွဲပိုင်းက ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်းထန်းဇင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးရှိထန်းပုရွာကိုပါ ဝင်ရောက်ကာ ပြည်သူအချို့ကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။