Connect with us

Hi, what are you looking for?

သတင်း

အခက်အခဲမည်မျှရှိရှိ တော်လှန်ရေးအဆုံးအဖြတ်နှစ် ဖြစ်အောင်ကြိုးစားရမည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇)ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အခက်အခဲများ မည်မျှရှိရှိ ချမှတ်ထားသည့် တစ်နှစ်တာ မဟာဗျူဟာ အစီအမံ များကို ထိရောက်စွာ အကောင်အထည်ဖော်ပြီး ရည်မှန်းထားသည့်အတိုင်း တော်လှန်ရေး အဆုံးအဖြတ်နှစ်ဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇)ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အခက်အခဲမည်မျှရှိရှိ တော်လှန်ရေးအဆုံးအဖြတ်နှစ် ဖြစ်အောင်ကြိုးစားရမည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော
အခက်အခဲမည်မျှရှိရှိ တော်လှန်ရေးအဆုံးအဖြတ်နှစ် ဖြစ်အောင်ကြိုးစားရမည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

“ရည်မှန်းထားခဲ့တဲ့အတိုင်း ဒီတစ်နှစ် ဟာ တော်လှန်ရေးရဲ့အဆုံးအဖြတ်နှစ် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်ဝအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီလို ကြိုးစားကြတဲ့အခါမှာ မဟာမိတ် အင်အားစုတွေ၊ တော်လှန်ရေးဦးဆောင်အစုအဖွဲ့တွေ အားလုံးနဲ့ တက်ညီလက်ညီ ဟန်ချက်ညီညီ ဖြစ်နိုင်ဖို့ကတော့ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များရဲ့ တာဝန် ဖြစ်တာမို့ ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

တော်လှန်ရေး၏ ယခုအချိန်မျိုး၌ များစွာ သတိကြီးစွာထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း လက်နက်နဲ့ပြည်သူကို ခြိမ်းခြောက် ပြီး ၁ပတ်၂ပတ်နဲ့ အောင်မြင်မယ်ထင်ခဲ့တဲ့ မတရားအာဏာသိမ်းမှုဟာ အခု ၂နှစ်နီးပါးကာလအထိ ပြည်သူရဲ့ဇွဲထက်သန်စွာ တောင့်ခံမှုကြောင့် ဘယ်နေရာကိုမှ ကောင်းစွာ မအုပ်ချုပ်နိုင်ပဲ နည်းလမ်းမျိုးစုံနဲ့ တော်လှန်ရေးကို ပုံဖျက်ဖို့ကြိုးစားလာတဲ့ အချိန်၊ ပြည်သူတွေစိတ်ဝမ်းကွဲစေမယ့်ကိစ္စရပ်တွေ တခုပြီးတခုဖန်တီးလာတဲ့အချိန် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ မဟာမိတ် ERO တွေကို နည်းမျိုးစုံနဲ့ ချဉ်းကပ်ဆွဲဆောင်မှုတွေ ပြုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ မတရား ဖိနှိပ်မှုကြောင့် စိတ်ရောကိုယ်ပါ ဖိစီးလာချိန် ယခုကဲ့သို့ အခြေအနေမျိုး၌ တော်လှန်ရေးအင်အားစုများ အနေဖြင့် လက်တွဲညီညီ၊ ဆုံးဖြတ်ချက်မှန်မှန်နှင့် ပြည်သူကို ကောင်းမွန်စွာဦးဆောင်မှုပေးပြီး အရှိန်အဟုန်ဖြင့် ပန်းတိုင်ဆီမြန်မြန်ရောက်အောင် ချီတက်နိုင်ကြရန် လိုအပ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။