Connect with us

Hi, what are you looking for?

News

အမျိုးသားညီညွတ်ရေးအစိုးရမှ အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များကောက်ယူ

အုပ်ချုပ်ရေးပိုင်းဆိုင်ရာအချက်အလက်များ စစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူများ၏ အချက်အလက်များကို မှတ်တမ်းတင်ထားမည်မဟုတ်သောကြောင့် လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ကြောင်းလည်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်းကြီးဌာနမှ အုပ်ချုပ်ရေးယန္တရားနှင့်သက်ဆိုင်သည့် အချက်အလက်များအား စစ်တမ်းကောက်ယူနေကြောင်း ထုတ်ပြန်သည်။

အဆိုပါစစ်တမ်းတွင် ကိုယ့်ရပ်ရွာ၊ ရပ်ကွက်တွင်း လက်ရှိအခြေအနေများနှင့် အုပ်ချုပ်ရေးယန္တရားဆိုင်ရာအချက်အလက်များပေးပို့ပြီး တော်လှန်ရေးတပ်သားအဖြစ်ပါဝင်ရန် တိုက် တွန်းထားသည်။

“ငါတို့ဟာ တရားမျှတမှုနဲ့လွတ်လပ်မှုကို ယုံ ကြည်တဲ့ နိုင်ငံသားကောင်းတွေ ဖြစ်တယ်။ ငါတို့ဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်တယ်။ ငါတို့ဟာ တာဝန်ကျေတဲ့ လူတွေ ဖြစ်တယ်။ အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီဟာ ငါတို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေရဘူး။ ငါတို့မြို့ရွာတွေကို လုံးဝအုပ်ချုပ်ခွင့်မရစေရ။ ငါတို့ရဲ့ အဓိဌာန်ဟာ ခိုင်မာတယ်၊ပြတ်သားတယ် ဆိုရင် အောက်ပါ စစ်တမ်းမှာ ကိုယ့်ရပ်ရွာ၊ရပ်ကွက်တွင်း လက်ရှိအခြေအနေတွေနဲ့ အုပ်ချုပ်ရေးယန္တရားဆိုင်ရာ အချက်အ လက်တွေကို ပေးပို့ပြီး တော်လှန်ရေးတပ်သားအဖြစ်ပါဝင်ပါ”ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာအချက်အလက်များ စစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူများ၏ အချက်အလက်များကို မှတ်တမ်းတင်ထားမည်မဟုတ်သောကြောင့် လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။