Connect with us

Hi, what are you looking for?

LuduNwayOo

News

အမျိုးသားညီညွတ်ရေးအစိုးရမှ အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များကောက်ယူ

အုပ်ချုပ်ရေးပိုင်းဆိုင်ရာအချက်အလက်များ စစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူများ၏ အချက်အလက်များကို မှတ်တမ်းတင်ထားမည်မဟုတ်သောကြောင့် လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ကြောင်းလည်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်းကြီးဌာနမှ အုပ်ချုပ်ရေးယန္တရားနှင့်သက်ဆိုင်သည့် အချက်အလက်များအား စစ်တမ်းကောက်ယူနေကြောင်း ထုတ်ပြန်သည်။

အဆိုပါစစ်တမ်းတွင် ကိုယ့်ရပ်ရွာ၊ ရပ်ကွက်တွင်း လက်ရှိအခြေအနေများနှင့် အုပ်ချုပ်ရေးယန္တရားဆိုင်ရာအချက်အလက်များပေးပို့ပြီး တော်လှန်ရေးတပ်သားအဖြစ်ပါဝင်ရန် တိုက် တွန်းထားသည်။

“ငါတို့ဟာ တရားမျှတမှုနဲ့လွတ်လပ်မှုကို ယုံ ကြည်တဲ့ နိုင်ငံသားကောင်းတွေ ဖြစ်တယ်။ ငါတို့ဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်တယ်။ ငါတို့ဟာ တာဝန်ကျေတဲ့ လူတွေ ဖြစ်တယ်။ အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီဟာ ငါတို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေရဘူး။ ငါတို့မြို့ရွာတွေကို လုံးဝအုပ်ချုပ်ခွင့်မရစေရ။ ငါတို့ရဲ့ အဓိဌာန်ဟာ ခိုင်မာတယ်၊ပြတ်သားတယ် ဆိုရင် အောက်ပါ စစ်တမ်းမှာ ကိုယ့်ရပ်ရွာ၊ရပ်ကွက်တွင်း လက်ရှိအခြေအနေတွေနဲ့ အုပ်ချုပ်ရေးယန္တရားဆိုင်ရာ အချက်အ လက်တွေကို ပေးပို့ပြီး တော်လှန်ရေးတပ်သားအဖြစ်ပါဝင်ပါ”ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာအချက်အလက်များ စစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူများ၏ အချက်အလက်များကို မှတ်တမ်းတင်ထားမည်မဟုတ်သောကြောင့် လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။