Connect with us

Hi, what are you looking for?

သတင်း

က​လေးPDFတပ်ဖွဲ့ဝင်အိမ် မီးလာရှို့​သော စစ်တပ်ကိုမိုင်း​ထောင်တိုက်ခိုက် ၁၅ ဦးထက်မနည်း​သေဟုဆို

ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)နေ့လယ်ပိုင်းက စစ်ကောင်စီတပ်အင်အား ၅၀ထက်မနည်းသည်ကလေးမြို့ အင်ဒိုင်းကုန်းကျေးရွာမှ က​လေးPDFတပ်ရင်း(၅) မှ တပ်ဖွဲ့ဝင်နှစ်ဦး၏ အိမ်ကိုမီးရှို့စဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(က​လေးPDF တပ်ရင်း​ (၄)မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDF(က​လေး) B-4)
(က​လေးPDF တပ်ရင်း​ (၄)မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDF(က​လေး) B-4)

ကလေးမြို့တွင် PDFတပ်ဖွဲ့ ဝင်အိမ်ကို မီးလာရှို့သည့် စစ်ကောင်စီတပ်အား အိမ်အတွင်းမိုင်းထောင်၍ တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း People’s Defence Force (Kalay) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)နေ့လယ်ပိုင်းက စစ်ကောင်စီတပ်အင်အား ၅၀ထက်မနည်းသည်ကလေးမြို့ အင်ဒိုင်းကုန်းကျေးရွာမှ က​လေးPDFတပ်ရင်း(၅) မှ တပ်ဖွဲ့ဝင်နှစ်ဦး၏ အိမ်ကိုမီးရှို့စဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” အိမ်ကိုမီးလာရှို့မှာကို သိလို့ မိုင်းလေးလုံးထောင်ပြီး ခွဲပစ်တာ။ ဒီကောင်တွေက အင်အားများတယ်။ ရွာထဲကနေ လာတာတောင် လူစုခွဲလာကြတာ” ဟုက​လေး PDFမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က မီးလာရှို့မည့်သတင်းကြောင်းကိုယ့်အိမ်ကိုယ် မိုင်းထောင်ဖောက်ခွဲလိုက်သူမှာက​လေးPDFတပ်ရင်း(၅)မှ ရဲဘော်တစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အင်ဒိုင်းကုန်းကျေးရွာ၌ ပြည်သူနေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးအပြီး နောက် ၁ အိမ် မီးရှို့ရန် ပြင်ဆင်နေချိန်တွင် PDF(Kalay) မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်း (၄)လုံးဖြင့်မွန်းလွဲ ၁နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပါသည်။ မိုင်းခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များအများပြား ထိခိုက်မှုရှိသည်” ဟု က​လေးPDFကထုတ်ပြန်ထားသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

မိုင်းခွဲတိုက်ခိုက်သည့် နေ​ရာအနီး၌ ဖြတ်သန်းသွားလာနေသော ပြည်သူ သုံး ဦး မိုင်းထိမှန်ခဲ့ကြောင်းသိရှိရသည့်အတွက်လည်း အနူးအညွှတ်တောင်းပန်ကြောင်းလည်း​ဖော်ပြထားသည်။

“မိုင်းထိတဲ့ ပြည်သူသုံးဦးကြီးကြီးမားမားဒဏ်ရာမရဘူးလို့ သိရတယ်” ဟုက​လေးPDFမှပြန်ကြားရေးတာဝန်ခံကပြောသည်။

ပြည်သူများအနေဖြင့်လုံခြုံရေးအထူးသတိပြု၍စစ်ကောင်စီတပ်ဖွဲ့များကို ဝေးဝေးမှ ရှောင်ရှားနေထိုင်ကြရန်လည်း က​လေးPDFက မေတ္တာရပ်ခံသည်။

က​လေးPDF မိုင်းတပ်ဖွဲ့သည် မိုင်းထုတ်လုပ်ရေး၊ ဖောက်ခွဲရေးတို့တွင် နာမည်ကြီးသည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင်တမူးမှ ကလေးမြို့သည့် လာသည့် စစ်ကောင်စီယာဥ်တန်းကို အထိနာအောင် တိုက်ခိုက်ရာတွင် PDF(Kalay) မိုင်းတပ်ဖွဲ့လည်း ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook