Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးPDFတပ်ဖွဲ့ဝင်အိမ် မီးလာရှို့​သော စစ်တပ်ကိုမိုင်း​ထောင်တိုက်ခိုက် ၁၅ ဦးထက်မနည်း​သေဟုဆို

ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)နေ့လယ်ပိုင်းက စစ်ကောင်စီတပ်အင်အား ၅၀ထက်မနည်းသည်ကလေးမြို့ အင်ဒိုင်းကုန်းကျေးရွာမှ က​လေးPDFတပ်ရင်း(၅) မှ တပ်ဖွဲ့ဝင်နှစ်ဦး၏ အိမ်ကိုမီးရှို့စဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(က​လေးPDF တပ်ရင်း​ (၄)မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDF(က​လေး) B-4)
(က​လေးPDF တပ်ရင်း​ (၄)မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDF(က​လေး) B-4)

ကလေးမြို့တွင် PDFတပ်ဖွဲ့ ဝင်အိမ်ကို မီးလာရှို့သည့် စစ်ကောင်စီတပ်အား အိမ်အတွင်းမိုင်းထောင်၍ တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း People’s Defence Force (Kalay) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)နေ့လယ်ပိုင်းက စစ်ကောင်စီတပ်အင်အား ၅၀ထက်မနည်းသည်ကလေးမြို့ အင်ဒိုင်းကုန်းကျေးရွာမှ က​လေးPDFတပ်ရင်း(၅) မှ တပ်ဖွဲ့ဝင်နှစ်ဦး၏ အိမ်ကိုမီးရှို့စဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” အိမ်ကိုမီးလာရှို့မှာကို သိလို့ မိုင်းလေးလုံးထောင်ပြီး ခွဲပစ်တာ။ ဒီကောင်တွေက အင်အားများတယ်။ ရွာထဲကနေ လာတာတောင် လူစုခွဲလာကြတာ” ဟုက​လေး PDFမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က မီးလာရှို့မည့်သတင်းကြောင်းကိုယ့်အိမ်ကိုယ် မိုင်းထောင်ဖောက်ခွဲလိုက်သူမှာက​လေးPDFတပ်ရင်း(၅)မှ ရဲဘော်တစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အင်ဒိုင်းကုန်းကျေးရွာ၌ ပြည်သူနေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးအပြီး နောက် ၁ အိမ် မီးရှို့ရန် ပြင်ဆင်နေချိန်တွင် PDF(Kalay) မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်း (၄)လုံးဖြင့်မွန်းလွဲ ၁နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပါသည်။ မိုင်းခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များအများပြား ထိခိုက်မှုရှိသည်” ဟု က​လေးPDFကထုတ်ပြန်ထားသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

မိုင်းခွဲတိုက်ခိုက်သည့် နေ​ရာအနီး၌ ဖြတ်သန်းသွားလာနေသော ပြည်သူ သုံး ဦး မိုင်းထိမှန်ခဲ့ကြောင်းသိရှိရသည့်အတွက်လည်း အနူးအညွှတ်တောင်းပန်ကြောင်းလည်း​ဖော်ပြထားသည်။

“မိုင်းထိတဲ့ ပြည်သူသုံးဦးကြီးကြီးမားမားဒဏ်ရာမရဘူးလို့ သိရတယ်” ဟုက​လေးPDFမှပြန်ကြားရေးတာဝန်ခံကပြောသည်။

ပြည်သူများအနေဖြင့်လုံခြုံရေးအထူးသတိပြု၍စစ်ကောင်စီတပ်ဖွဲ့များကို ဝေးဝေးမှ ရှောင်ရှားနေထိုင်ကြရန်လည်း က​လေးPDFက မေတ္တာရပ်ခံသည်။

က​လေးPDF မိုင်းတပ်ဖွဲ့သည် မိုင်းထုတ်လုပ်ရေး၊ ဖောက်ခွဲရေးတို့တွင် နာမည်ကြီးသည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင်တမူးမှ ကလေးမြို့သည့် လာသည့် စစ်ကောင်စီယာဥ်တန်းကို အထိနာအောင် တိုက်ခိုက်ရာတွင် PDF(Kalay) မိုင်းတပ်ဖွဲ့လည်း ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။