Connect with us

Hi, what are you looking for?

သတင်း

ICC တွင် မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်များကို တရားစွဲဆိုရေး အရေးပေါ်လုပ်ဆောင်ရမည်ဟု SAC-M တိုက်တွန်း

၂၀၂၂ တစ်နှစ်ပတ်လုံး ဆက်လက်ကျယ်ပြန့်လာနေသည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးရက်စက်ကြမ်းကြုတ်မှုများမှာ စစ်တပ်ကို တာ၀န်ခံခိုင်းခြင်းမရှိမချင်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသော SAC-M ၏ ယနေ့ထုတ်ပြန်သည့် စာတမ်းအသစ်၌ ဖော်ပြသည်။

(အာဏာသိမ်းမှုတွင် ဦး​ဆောင်ခဲ့​သောစစ်​ခေါင်း​ဆောင်အချိူ့ ။ ။ဓါတ်ပုံ- AFP)
(အာဏာသိမ်းမှုတွင် ဦး​ဆောင်ခဲ့​သောစစ်​ခေါင်း​ဆောင်အချိူ့ ။ ။ဓါတ်ပုံ- AFP)

နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC)သည် မြန်မာစစ်တပ်၏ အပြစ်ပေးခြင်းမှကင်းလွတ်ခွင့်ရနေမှု(impunity)ကို အရေးပေါ် အဆုံးသတ်နိုင်ကာ အဆုံးသတ်ရမည်ဟု မြန်မာ့အရေးအထူးအကြံပေးကောင်စီ(SAC-M)က တိုက်တွန်းသည်၊

၂၀၂၂ တစ်နှစ်ပတ်လုံး ဆက်လက်ကျယ်ပြန့်လာနေသည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးရက်စက်ကြမ်းကြုတ်မှုများမှာ စစ်တပ်ကို တာ၀န်ခံခိုင်းခြင်းမရှိမချင်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသော SAC-M ၏ ယနေ့ထုတ်ပြန်သည့် စာတမ်းအသစ်၌ ဖော်ပြသည်။

“မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ဗိုလ်ချုပ်တွေက သူတို့ကို မရပ်တန့်မချင်း မြန်မာပြည်သူတွေအပေါ် ရက်စက်ယုတ်မာမှုတွေကျူးလွန်ပြီး ဒုက္ခဆက်ပေးနေဦးမှာပါ။ ICC မှာ သူတို့ကို အပြစ်ပေးအရေးယူဖို့အတွက် နိုင်ငံတကာအသိုင်းအဝန်းက ဖြစ်နိုင်သမျှအရာအားလုံး လုပ်ဆောင်ရပါမယ်” ဟု SAC-M မှ Yanghee Lee က ပြောသည်။

SAC-M ၏ ‘မြန်မာနိုင်ငံနှင့် နိုင်ငံတကာရာဇ၀တ်ခုံရုံး’ အမည်ရှိ စာတမ်းအသစ်၌ ၂၀၀၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သောရာဇ၀တ်မှုများ အပေါ် ICC တရားရုံး၏ စီရင်ပိုင်ခွင့်အတွက် ဥပဒေကြောင်းဆိုင်ရာ အကြောင်းခြင်းရာများကို ရှင်းပြထားသည်။ ယင်းကဲ့သို့ ရာဇ၀တ်မှုများအတွက် မြန်မာစစ်ဗိုလ်ချုပ်များအား နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တရားစွဲဆိုနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၌ တာ၀န်ရှိကြောင်းလည်း စာတမ်းတွင် ထည့်သွင်းရေးသားသည်။

Public Service Announcement

Public Service Announcement

“ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာစစ်တပ်ရဲ့ကျူးလွန်ချိုးဖောက်မှုတွေကို ဖော်ထုတ်ဆန်းစစ်ထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် ပြီးဆုံးချိန် ၂၀၁၈ ကတည်းက မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ဗိုလ်ချုပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများအတွက် တရားစွဲဆိုဖို့အတွက်် ကျွန်တော်တို့ တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်” ဟု SAC-M မှ Chris Sidoti က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာနဲ့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ICCရဲ့ စည်းမျဉ်းတွေအရ တရားစွဲဆို ခံရပြီး ခုခံလျှောက်လဲမယ့်သူဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို...

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။