Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ICC တွင် မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်များကို တရားစွဲဆိုရေး အရေးပေါ်လုပ်ဆောင်ရမည်ဟု SAC-M တိုက်တွန်း

၂၀၂၂ တစ်နှစ်ပတ်လုံး ဆက်လက်ကျယ်ပြန့်လာနေသည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးရက်စက်ကြမ်းကြုတ်မှုများမှာ စစ်တပ်ကို တာ၀န်ခံခိုင်းခြင်းမရှိမချင်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသော SAC-M ၏ ယနေ့ထုတ်ပြန်သည့် စာတမ်းအသစ်၌ ဖော်ပြသည်။

(အာဏာသိမ်းမှုတွင် ဦး​ဆောင်ခဲ့​သောစစ်​ခေါင်း​ဆောင်အချိူ့ ။ ။ဓါတ်ပုံ- AFP)
(အာဏာသိမ်းမှုတွင် ဦး​ဆောင်ခဲ့​သောစစ်​ခေါင်း​ဆောင်အချိူ့ ။ ။ဓါတ်ပုံ- AFP)

နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC)သည် မြန်မာစစ်တပ်၏ အပြစ်ပေးခြင်းမှကင်းလွတ်ခွင့်ရနေမှု(impunity)ကို အရေးပေါ် အဆုံးသတ်နိုင်ကာ အဆုံးသတ်ရမည်ဟု မြန်မာ့အရေးအထူးအကြံပေးကောင်စီ(SAC-M)က တိုက်တွန်းသည်၊

၂၀၂၂ တစ်နှစ်ပတ်လုံး ဆက်လက်ကျယ်ပြန့်လာနေသည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးရက်စက်ကြမ်းကြုတ်မှုများမှာ စစ်တပ်ကို တာ၀န်ခံခိုင်းခြင်းမရှိမချင်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသော SAC-M ၏ ယနေ့ထုတ်ပြန်သည့် စာတမ်းအသစ်၌ ဖော်ပြသည်။

“မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ဗိုလ်ချုပ်တွေက သူတို့ကို မရပ်တန့်မချင်း မြန်မာပြည်သူတွေအပေါ် ရက်စက်ယုတ်မာမှုတွေကျူးလွန်ပြီး ဒုက္ခဆက်ပေးနေဦးမှာပါ။ ICC မှာ သူတို့ကို အပြစ်ပေးအရေးယူဖို့အတွက် နိုင်ငံတကာအသိုင်းအဝန်းက ဖြစ်နိုင်သမျှအရာအားလုံး လုပ်ဆောင်ရပါမယ်” ဟု SAC-M မှ Yanghee Lee က ပြောသည်။

SAC-M ၏ ‘မြန်မာနိုင်ငံနှင့် နိုင်ငံတကာရာဇ၀တ်ခုံရုံး’ အမည်ရှိ စာတမ်းအသစ်၌ ၂၀၀၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သောရာဇ၀တ်မှုများ အပေါ် ICC တရားရုံး၏ စီရင်ပိုင်ခွင့်အတွက် ဥပဒေကြောင်းဆိုင်ရာ အကြောင်းခြင်းရာများကို ရှင်းပြထားသည်။ ယင်းကဲ့သို့ ရာဇ၀တ်မှုများအတွက် မြန်မာစစ်ဗိုလ်ချုပ်များအား နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တရားစွဲဆိုနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၌ တာ၀န်ရှိကြောင်းလည်း စာတမ်းတွင် ထည့်သွင်းရေးသားသည်။

Public Service Announcement

Public Service Announcement

“ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာစစ်တပ်ရဲ့ကျူးလွန်ချိုးဖောက်မှုတွေကို ဖော်ထုတ်ဆန်းစစ်ထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် ပြီးဆုံးချိန် ၂၀၁၈ ကတည်းက မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ဗိုလ်ချုပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများအတွက် တရားစွဲဆိုဖို့အတွက်် ကျွန်တော်တို့ တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်” ဟု SAC-M မှ Chris Sidoti က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာရှိ စာသင်ကျောင်းဆောင်အား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ကြေညာချက်တွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။