Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာလေးရွာမှ ပြည်သူများအတွက် သွားရောက်ထောက်ပံ့

မြောင်မြိုနယ်ရှိ လှေတင်ဦး၊ဖွားစော၊ ကူးတို့ကုန်းနှင့် ရွှေပေါက်ပင်ကျေးရွာများသို့ ယနေ့(ဒီဇင်ဘာ ၁၉ရက်) သွားရောက်ထောက်ပံ့ခြင်းဖြစ်သည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာလေးရွာမှ ပြည်သူများအတွက် သွားရောက်ထောက်ပံ့
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာလေးရွာမှ ပြည်သူများအတွက် သွားရောက်ထောက်ပံ့

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာ လေးရွာမှ ပြည်သူများအတွက် ပြည်တွင်း၊ပြည်ပမှ အလှူရှင်များလှူဒါန်းထားသော ကယ်ဆယ်ရေးပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သွားရောက်ထောက်ပံ့ပေးခဲ့သည်။

မြောင်မြိုနယ်ရှိ လှေတင်ဦး၊ဖွားစော၊ ကူးတို့ကုန်းနှင့် ရွှေပေါက်ပင်ကျေးရွာများသို့ ယနေ့(ဒီဇင်ဘာ ၁၉ရက်) သွားရောက်ထောက်ပံ့ခြင်းဖြစ်သည်။

” ရွှေပေါက်ပင်က အောက်တိုဘာလမှာ အရှို့ခံခဲ့ရတာ။ အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်ခဲ့တာ။ လှေတင်ဦး၊ ဖွားစောနဲ့ကူးတို့ကုန်းကတော့ ဒီရက်ထဲတင် ရှို့သွားတာ”ဟုမြောင်အမျိုးသမီးလူငယ်ကွန်ရက်ပြောရေးဆိုခွင့်ရှိသူ အမရာက ပြောသည်။

စုစုပေါင်း အိမ်ထောင်စု ၁၃၈စုအတွက် စောင်၊အနွေးထည်နှင့် စားသောက်ကုန်များအပါအဝင် ကယ်ဆယ်ရေးပစ္စည်းများကို ပြည်တွင်း၊ပြည်ပမှ အလှူရှင်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့သည်ဟု အမရာက ဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအားကောင်းသည့် မြောင်နယ်ကို စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးနေသည်။ စစ်ကောင်စီစစ်ကြောင်းထိုးတိုင်း ဒေသခံများသည် ဘေးလွတ်ရာထွက်ပြေးကြရသည်။

“စစ်ရေးတင်းမာတော့မယ်ဆိုရင် ဒေသခံတွေကို နေရာချတာတွေ၊စားဖို့သောက်ဖို့ စီမံတာတွေပါ ထည့်သွင်းစဥ်းစားလာရပြီ။တော်လှန်ရေးအတွက် အကူအညီတွေ​က ပိုပြီးလိုအပ်လာပါတယ်”ဟု မြောင်မြို့နယ် လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

မြောင်မြို့နယ်အတွင်း လတ်တလောတွင် စစ်ရေးငြိမ်သက်နေသည်။ သို့သော် စစ်ကောင်စီတပ်က ၎င်းတို့တပ်စွဲထားရာနေရာမှ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆိုသည်။

ပြည်သူများထံ ယနေ့ သွားရောက်ထောက်ပံ့မှုကို ဒေသတွင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များဖြစ်သည့် မြောင်လူငယ်ကွန်ရက်၊ M2W၊CDSOM၊ 012၊GGG၊ CRF၊PDF Taloke၊MGN Ranger၊ Myaung Fighter ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်