Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတ​ပ်က သာသနာ့ဂုဏ် ဆောင်ဆရာတော်ကြီးများ၏ မွေးရပ်မြေပါမချန် မီးတင်ရှို့နေ

အိမ်ခြေ အကုန်နီးပါး မီးလောင်ကျွမ်းခဲ့၍ အရေးပေါ် ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊ စောင်နှင့် အခြား အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

လင်းယဥ်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
လင်းယဥ်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ ဝါဆိုဆရာတော်တို့၏ မွေးရပ်မြေ စစ်ကိုင်းမြို့နယ်၊ မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာမှ နေအိမ် ၇၀၀ကျော်အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဒီဇင်ဘာ၂၁ ရက်က စစ်ကိုင်းမြို့နယ်၊ မိုးသောက် (ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ကာ မိုးသောက်ရွာမှ နေအိမ်၂၅၀လုံး ၊ လင်းယဥ်ရွာမှ နေအိမ် ၁၅၀ ၊ လင်းယဉ်ရွာသစ်မှ နေအိမ် ၁၃၀ ၊ ရှမ်းကုန်းရွာမှ နေအိမ် ၁၄၈ လုံး၊ ကုန်းကြီးရွာမှ နေအိမ် ၅၁လုံး စုစုပေါင်း လူနေအိမ် ၇၂၉လုံး ကို တပ်မ(၃၃) စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက် ဆီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

လင်းယဥ်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
လင်းယဥ်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

ထို့အပြင် ဒေသခံ အမျိုးသားအချို့လည်း ဖမ်းဆီးခံရကာ တစ်ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“သက်တော် ရာကျော်ရှည်ခဲ့တဲ့ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းက ရွှေကျင်ဂိုဏ်း သာသနာပိုင် ဆရာတော် ဥုးအဂ္ဃိယ တို့ရဲ့ မွေးရပ်မြေကို တပ်မ ‌(၃၃)က ရွာလုံးကျွတ်မီးရှို့ခဲ့တာဖြစ်ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အိမ်ခြေ အကုန်နီးပါး မီးလောင်ကျွမ်းခဲ့၍ အရေးပေါ် ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊ စောင်နှင့် အခြား အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် တစ်နှစ်အတွင်း ကျေးရွာရွာ ၂၅ရွာရှိ အိမ်ခြေ ၁,၆၅၂လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်၊ရဲနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။