Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တိုက်ပွဲဖြစ်၍ ကော့နွဲ့ဒေသရှိ အိမ်ထောင်စု ၈၀၀ကျော် တိမ်းရှောင်၊ အရေးပေါ် အကူအညီများလိုအပ်နေဟု ဒေသခံပြော

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများလေကြောင်း တိုက်ခိုက်မှုများကို နေ့ည လုပ်ဆောင်ခဲ့ကြောင်း၊ထိုသို့ တိုက်ခိုက်ခဲ့မှုများကြောင့် ဒေသခံများ ထိခိုက်ဆုံးရှုံးမှုများခဲ့ပြီး စိုးရိမ်ထိတ် လန့်နေကြရကြောင်း ၎င်းက ဆိုသည်။

(တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့နွဲကျေးရွာအခြေအနေမြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့နွဲကျေးရွာအခြေအနေမြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် တစ်ပတ်ဘကျော်ကြာတိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကော့ကရိတ်ဒေသခံက ပြောသည်။

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး ကော့နွဲ့ရွာအနီး၌ တိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်လျက်ရှိသည်။

“အခု ကော့နွဲ့ကျေးရွာအုပ်စုက ရွာတွေက အိမ်ခြေပေါင်း ၈၀၀ကျော်လောက်က ထွက်ပြေးနေရတယ်။ ကျန်ရှိနေတဲ့ သူဆိုတာကလည်း မရှိသလောက်ပဲ။ ရှိနေတဲ့သူတွေက မသန်စွမ်းတို့၊ နာတာရှည်ရောဂါသည်တို့ တချို့က မရွှေ့နိုင်တဲ့ သူတွေတော့ တချို့ကျန်ပါသေးတယ်။ ကျေးရွာမှာရှိတဲ့ ကျွဲ၊နွား၊တိရစ္ဆာန် တွေကလည်း လက်နက်ကြီးဒဏ်ကြောင့်သေဆုံးတာရှိတယ်”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

တိုက်ပွဲရက်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“လူသားချင်းစာနာတဲ့အနေနဲ့ ကော့ကရိတ်တောင်ပိုင်းမှာရှိတဲ့ တာဝန်ရှိတဲ့ သူတွေအရေးပေါ် ကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့တွေ လာရောက်ပြီး စားနပ်ရိက္ခာတွေ ပံ့ပိုးကူညီခဲ့တဲ့ ဖြစ်စဉ်တော့ တွေ့ရတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ ဒုက္ခသည်တွေက ရွှေ့ပြောင်းရတဲ့ အနေအထားတစ်ခုအပေါ်မှာ အင်မတန်မှ လိုအပ်ချက်တွေများပြားနေတယ်။ ကော့ကရိတ်တောင်ပိုင်းက စစ်ပွဲဖြစ်စဉ်က ကြာရှည်လာတာနဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတာက အခက်အခဲရှိလာတယ်။ အာဏာရှင်တိုက်ဖျက်ရေး ဒီစစ်ပွဲကြီးက အမြန်ဆုံးပြီးဆုံးရင်တော့ ကောင်းမှာပေါ့။ ဒီလိုပုံစံနဲ့ ဆက်သွားမယ်ဆိုရင် ပြည်သူလူထုတွေက ရေရှည်တောင့်ခံနိုင်ဖို့အင်မတန်အခက်အခဲရှိတယ်။ ကျန်းမာရေး၊ ပညာရေး အစစအရာရာလိုအပ်ချက်တွေကတော့ အများအပြားရှိနေပါတယ်”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများလေကြောင်း တိုက်ခိုက်မှုများကို နေ့ည လုပ်ဆောင်ခဲ့ကြောင်း၊ထိုသို့ တိုက်ခိုက်ခဲ့မှုများကြောင့် ဒေသခံများ ထိခိုက်ဆုံးရှုံးမှုများခဲ့ပြီး စိုးရိမ်ထိတ် လန့်နေကြရကြောင်း ၎င်းက ဆိုသည်။

ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်က အရာရှိများအပါအဝင်သေဆုံးထိခိုက်များပြားခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှု အချို့ရှိခဲ့သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် ကျွဲနှင့်နွား အများအပြားသေဆုံးကာ နေအိမ်များထိုခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော