Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နှစ်ကြိမ်တိုင်မီးရှို့ခဲ့​သောရေစကြိုမြို့နယ်ဗြိဘရွာမီးဘေးသင့်ပြည်အကူညီများလိုအပ်​နေ

ဗြိဘရွာကို ၂၀၂၂ ဇူလိုင်လ ၂ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

(ဗြိဗရွာမှ မီးရှို့ခံရ​သော​နေအိမ်များ ။ ။ဓါတ်ပုံ-PS)
(ဗြိဗရွာမှ မီးရှို့ခံရ​သော​နေအိမ်များ ။ ။ဓါတ်ပုံ-PS)

စစ်ကောင်စီတပ်နှစ်ကြိမ်တိုင်တိုင်မီးရှို့ခဲ့သည့် ရေစကြိုမြို့နယ်၊ ဗြိဘရွာတွင် ပြည်လည်ထူထောင်ရန် အကူအညီများလိုအပ်နေသည်ဟု ​ဒေသခံများကပြောသည်။

ဗြိဘရွာကို ၂၀၂၂ ဇူလိုင်လ ၂ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

“အိမ်ပြန်ဆောက်ဖို့ကော စားဝတ်နေရေးကိုအခက်အခဲဖြစ်နေတာပါ”ဟုအိမ်မီးရှို့ခံရသည့် ဗြိဘရွာသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကနေအိမ်များကို ပြာကျ​အောင်မီးလောင်အောင် ရှို့ခဲ့ခြင်းဖြစ်သည်။ ဗြိဘရွာသည် အိမ်ခြေ ၅၀၀ကျော်ရှိပြီး လူဦးရေ ၃၀၀၀ကျော်​နေထိုင်ခဲ့​သောရွာဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗြိဘရွာအနီးနားရှိကျေးရွာများတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ခြင်းကြောင့် ကျေးရွာအချင်းချင်းပြန်လည်ကူညီရန်လည်း အခက်အခဲများဖြစ်နေသည်ဟုမီးဘေးသင့်ပြည်သူများက​ပြောသည်။

(ဗြိဗရွာမှ မီးရှို့ခံရ​သော​နေအိမ်များ ။ ။ဓါတ်ပုံ-PS)
(ဗြိဗရွာမှ မီးရှို့ခံရ​သော​နေအိမ်များ ။ ။ဓါတ်ပုံ-PS)

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ ရက် ဗြိဘရွာကို ဒုတိယအကြိမ်မီးရှို့ရွာ အိမ်ခြေ ၇၀ကျော်မီးလောင်ခဲ့ပြီး ဇူလိုင်လက မီးရှို့ခဲ့ရာတွင် အိမ်ခြေ ၂၀ကျော်မီးလောင်ခဲ့သည်။

ဇူလိုင် ၂ ရက် မနက် ၁၀နာရီတွင်ဗြိဘရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်များနှင့် မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement
Public Service Announcement

ဒီဇင်ဘာ ၁၈ ရက်တွင် ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်တွင်စစ်ကောင်စီတပ်ကရွာကိုမီးရှို့ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်​ကောင်စီတပ်ကျေးရွာအတွင်း ပိတ်မိနေပြီးနောက် ဗြိဘရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook