Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် နှစ်လအတွင်း ကျေးရွာ ၁၂ရွာရှိမှ နေအိမ် ၁၆၂လုံး မီးရှို့ဖျက်ဆီးခံရ

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော မီးဘေးသင့် မိဘပြည်သူများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

မီးရှိူ့ခံရ​သော ထန်းပင်ချောင်းနှင့် ရွာသာအေး ကျေးရွာတို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
မီးရှိူ့ခံရ​သော ထန်းပင်ချောင်းနှင့် ရွာသာအေး ကျေးရွာတို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CJ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း ကျေးရွာ ၁၂ရွာရှိ နေအိမ်ပေါင်း ၁၆၂လုံးမီးရှိ့ဖျက်ဆီးခံခဲ့ရကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ်တွင် နိုဝင်ဘာအတွင်းနှင့် ဒီဇင်ဘာ ၂၆ရက်အထိကာလအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၂ရွာရှိ နေအိမ်ပေါင်း ၁၆၂လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ရေစကြို(ပအဖ)က အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာကျေးရွာများရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူ လုယက်ယူဆောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ချက်ပြုတ်စားသောက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းစသော စစ်ရာဇဝတ်မှုများကျူးလွန်လုပ်ဆောင်ခဲ့ကြကြောင်း ရေစကြို(ပအဖ)အဖွဲ့က ဆိုသည်။

မီးရှိူ့ခံရ​သော ထန်းပင်ချောင်းနှင့် ရွာသာအေး ကျေးရွာတို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
မီးရှိူ့ခံရ​သော ထန်းပင်ချောင်းနှင့် ရွာသာအေး ကျေးရွာတို့အား တွေ့ရစဥ်၊ဓာတ်ပုံ – CJ

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၉ရက် မွန်းလွဲပိုင်းကလည်း ရေစကြိုမြို့နယ်၊ ပခန်းငယ်ရွာကို ပျူစောထီးအဖွဲ့များနှင့် ဝင်ရောက်ပစ်ခတ်ကာ နေအိမ် ငါးလုံးကိုဖျက်ဆီးခဲ့ကြောင်း၊ နေအိမ်များထဲရှိ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူလုယက် ယူ ဆောင်သွားခဲ့ကြကြောင်း ရေစကြို(ပအဖ)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော မီးဘေးသင့် မိဘပြည်သူများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။