Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများသွားရောက်ပေးပို့သည့် PDF များကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်

ယမန်နေ့( ဒီဇင်ဘာ ၂၇ရက်)ကလည်း ရေစကြိုနှင့်မြောက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့်အသုံးအဆောင်ပစ္စည်းများကို မြောင်လူငယ်ကွန်ယက် YFC၊ CDSOM၊ Pdf – Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြသည်။

(မြောင်နယ်ရှိ စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်)
(မြောင်နယ်ရှိ စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများသွားရောက်ပေးပို့သည်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူလူထုဆီ စားနပ်ရိက္ခာမရောက်ရေး ဟန့်တားနေသည်။

ဒီဇင်ဘာ ၂၅ရက်က မြောင်မြို့နယ် ညောင်ကားယားကျေးရွာရှိ စစ်ဘေးသင့်ပြည်သူများအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက စားနပ်ရိက္ခာများ သွားပို့ဆောင်စဥ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးနှင့်အဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးက ပြောသည်။

“တောထဲမှာ ပုန်းနေရပြီး စားဖို့မရှိတော့ဘူးလို့ လှမ်းအကူအညီတောင်းလို့ သွားပို့တဲ့ရဲဘော်တွေကို မြစ်တစ်ဘက်ကမ်းကနေ လှမ်းပစ်တာ။ အမြန်လူစုခွဲလိုက်လို့ အထိအခိုက်တော့မရှိခဲ့ဘူး”ဟု ကိုနွေဦးက ပြောသည်။

(မြောင်နယ်ရှိ စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်)
(မြောင်နယ်ရှိ စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်)

ထိုသို့ ပစ်ခတ်မှု​ကြောင့် စစ်ဘေးရှောင်များရော ပြည်သူ့ကာကွယ်ရေးရဲဘော်များပါ လူစုခွဲလိုက်ကြရသည်။ နောက်ထပ်နာရီအနည်းငယ်ကြာမှ စစ်ဘေးရှောင်များဆီ ခရီးဆက်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကံယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“တောထဲတွင် တိမ်းရှောင်နေကြသော စစ်ဘေးရှောင်များကို စားသောက်ရိက္ခာများသွားရောက်လှုဒါန်းရာ မြစ်အရှေ့ဘက်ကမ်းမှ (၆၀)မမနဲ့လှမ်းပစ်လို့ ချက်ခြင်းလူစုခွဲကာ အခြားနေရာသို့ရွှေ့ပြောင်းခဲ့ကြရတယ်။တစ်နေရာဆီပြန့်ကျဲကုန်ကြတဲ့ပြည်သူတွေကိုပြန်စုပီး ခွဲဝေပေး​ခြင်းပြန်လုပ်ခဲ့ ရတယ်”ဟု CDSOM က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ရက်နှင့် ၂၇ရက်တွင်လည်း စစ်ဘေးရှောင်ပြည်သူများရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်။ သို့သော် မြောင်၊ ရေစကြို၊ ချောင်းဦးနှင့် မြင်းမူမြို့တို့မှ ဒေသတွင်းပြည်သူ့မဟာမိတ်တပ်ဖွဲ့များသည် စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်ထောက်ပံ့မှုများ ပြုလုပ်နေသည်။

ယမန်နေ့( ဒီဇင်ဘာ ၂၇ရက်)ကလည်း ရေစကြိုနှင့်မြောက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့်အသုံးအဆောင်ပစ္စည်းများကို မြောင်လူငယ်ကွန်ယက် YFC၊ CDSOM၊ Pdf – Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။