Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ်ရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၀၀ခန့်ပြာကျ

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ဆားတောင်တိုက်နယ်ရှိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

(မြင်းဆည်ရွာနှင့် သုံးလင့်ရွာမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မြင်းဆည်ရွာနှင့် သုံးလင့်ရွာမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မြင်းဆည်ရွာနှင့် သုံးလင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နှစ်ရွာပေါင်း နေအိမ် ၁၀၀ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၈ ရက်)က စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာနှင့် သုံးလင့်ကျေးရွာအားစစ်ကောင်စီ၏ တပ်မ(၃၃)က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ နှစ်ရွာပေါင်း နေအိမ် ၁၀၀ခန့်မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နေ့လယ်ကတည်းက ဝင်ရှို့တာ။ ညအထိမီးမငြိမ်းဘူး။ မြစ်တစ်ဖက်ကမ်းကတောင် မြင်ရတယ်”ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် လက်နက်ကြီးများ၊ ဒရုန်းများဖြင့်ပါ အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး သရက်ခြံအတွင်း ရပ်ထားသော စစ်ရှောင်ပြည်သူများ၏ ပစ္စည်းများတင်ထားသည့် ထော်လာဂျီ လေးစီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(မြင်းဆည်ရွာနှင့် သုံးလင့်ရွာမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မြင်းဆည်ရွာနှင့် သုံးလင့်ရွာမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ဆားတောင်တိုက်နယ်ရှိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။