Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်သူကို ချေမှူန်းအနိုင်ယူနိုင်သည့် လုံလောက်သောအင်အားရှိပြီး တစ်ချီတည်းရုန်းရန် အရေးကြီးဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ပြည်ထောင်စုဝန်ကြီး ဇန်နဝါရီ ၁ရက်တွင် NUG အသံလွှင့် အစီအစဉ်မှတဆင့် PDF ရဲဘော်များသို့ ပြောကြားချက်တွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်များပေးအပ်စဥ်၊ ဓာတ်ပုံ - News and Information of the Southern Military Region)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်များပေးအပ်စဥ်၊ ဓာတ်ပုံ - News and Information of the Southern Military Region)

ယခု ၂၀၂၃တွင် တော်လှန်ရေး၏ အဆုံးအဖြတ်ရယူရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်များ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ရန်သူကိုရန်သူကို ချေမှုန်းအနိုင်ယူနိုင်သည့် လုံလောက်သောအင်အားရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဇန်နဝါရီ ၁ရက်တွင် NUG အသံလွှင့် အစီအစဉ်မှတဆင့် PDF ရဲဘော်များသို့ ပြောကြားချက်တွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

တော်လှန်ရေး အဆုံးအဖြတ်အတွက် တစ်နှစ်စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေကြောင်း၊ တော်လှန်ရေးတစ်ခုဆင်နွှဲရာ၌ လူအင်အား၊ ရန်ပုံငွေအင်အား၊ လက်နက်အင်အား အဓိက အား(၃)အား လိုအပ်သည်ဟု နားလည်ကြောင်း ဝန်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

“ပြည်သူ့ထောက်ခံပါဝင်မှုနဲ့ဆင်နွှဲနေတဲ့ ငါတို့တော်လှန်ရေးဟာ လူအင်အားအရ အထူးပြောစရာ မလိုဘူး။ ရန်သူကို ချေမှူန်းအနိုင်ယူနိုင်တဲ့ လုံလောက်တဲ့အင်အားရှိပြီး ဖြစ်တယ်။ အခုချိန်မှာ အရေတွက်အင်အားကို အရည်ချင်းအင်အားဖြစ်ဖို့ပဲ ငါတို့ အာရုံစိုက်ကြရမယ်။ ရန်ပုံငွေ အင်အား အနေနဲ့လည်း ပြည်သူလူထုရဲ့ အဆက်မပြတ်ထောက်ပံ့လှုဒါန်းမှုကြောင့် မျှော်လင့်တာထက် သာလွန်တဲ့ ရန်ပုံငွေ ပမာဏတစ်ခုကို ရရှိထားပြီး ဖြစ်တယ်။ ဒီရန်ပုံငွေအင်အားကို အသုံးပြုပီး တောက်လျှောက်ဖြည့်ဆည်းနေတာက လက်နက်အင်အားပဲ”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် PDF တပ်ရင်းတိုင်းကို လက်နက်တပ်ဆင်ပေးနိုင်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များကိုလည်း ထိုက်သင့်သည့် လက်နက်တိုးချဲ့တပ်ဆင်ပေးရန် အစဉ်တစိုက် ဆောင်ရွက်နေသည်ဟု ဝန်ကြီးက အသိပေးသည်။

“ခြုံပြောရင် ပြည်သူ့တွန်းလှန်စစ် ဒုတိယနှစ်မှာ တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေ ရှိပြီးဖြစ်တယ်လို့ ပြောချင်တယ်။ အရေးကြီးတာက တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအားနဲ့ ဒီတစ်နှစ်အတွင်း တစ်သံတည်းညီပြီး တစ်ချီတည်းရုန်းကြဖို့ပဲ ဖြစ်လိမ့်မယ်။ ၂၀၂၃ ဟာ မြန်မာပြည်အတွက် မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်မယ်လို့ ငါတို့ ယုံကြည်တယ်။ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဝန်ကြီး၏ ပြောကြားချက်တွင် ပြည်သူ့ တော်လှန်ရေးအတွင်း အသက်နှင့် ဘဝများ စွန့်လွှတ်ထားခဲ့သည့် ရဲဘော်များ၏ ရင်းနှီးပေးဆပ်မှုများအတွက် ဂုဏ်ပြုဦးညွှတ်ကြောင်းလည်း ပါရှိသည်။

“စစ်မြေပြင်မှာ ကျဆုံးဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေ၊ နွေဦးတော်လှန်ရေးအစ လမ်းမတွေပေါ်မှာ သွေးမြေကျ ခဲ့တဲ့ ရဲဘော်တွေ၊ အကျဥ်းထောင်နဲ့စစ်ကြောရေးစခန်းတွေအတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ညီအကို တွေ အားလုံးဟာ ပြည်သူ့သူရဲကောင်းတွေပဲ ဖြစ်တယ်။ သူတို့အားလုံးကို ငါတို့ အစဥ်အမြဲ အမှတ်တရ ရှိနေကြမှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။