Connect with us

Hi, what are you looking for?

သတင်း

ရန်သူကို ချေမှူန်းအနိုင်ယူနိုင်သည့် လုံလောက်သောအင်အားရှိပြီး တစ်ချီတည်းရုန်းရန် အရေးကြီးဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ပြည်ထောင်စုဝန်ကြီး ဇန်နဝါရီ ၁ရက်တွင် NUG အသံလွှင့် အစီအစဉ်မှတဆင့် PDF ရဲဘော်များသို့ ပြောကြားချက်တွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်များပေးအပ်စဥ်၊ ဓာတ်ပုံ - News and Information of the Southern Military Region)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်များပေးအပ်စဥ်၊ ဓာတ်ပုံ - News and Information of the Southern Military Region)

ယခု ၂၀၂၃တွင် တော်လှန်ရေး၏ အဆုံးအဖြတ်ရယူရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်များ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ရန်သူကိုရန်သူကို ချေမှုန်းအနိုင်ယူနိုင်သည့် လုံလောက်သောအင်အားရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဇန်နဝါရီ ၁ရက်တွင် NUG အသံလွှင့် အစီအစဉ်မှတဆင့် PDF ရဲဘော်များသို့ ပြောကြားချက်တွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

တော်လှန်ရေး အဆုံးအဖြတ်အတွက် တစ်နှစ်စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေကြောင်း၊ တော်လှန်ရေးတစ်ခုဆင်နွှဲရာ၌ လူအင်အား၊ ရန်ပုံငွေအင်အား၊ လက်နက်အင်အား အဓိက အား(၃)အား လိုအပ်သည်ဟု နားလည်ကြောင်း ဝန်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

“ပြည်သူ့ထောက်ခံပါဝင်မှုနဲ့ဆင်နွှဲနေတဲ့ ငါတို့တော်လှန်ရေးဟာ လူအင်အားအရ အထူးပြောစရာ မလိုဘူး။ ရန်သူကို ချေမှူန်းအနိုင်ယူနိုင်တဲ့ လုံလောက်တဲ့အင်အားရှိပြီး ဖြစ်တယ်။ အခုချိန်မှာ အရေတွက်အင်အားကို အရည်ချင်းအင်အားဖြစ်ဖို့ပဲ ငါတို့ အာရုံစိုက်ကြရမယ်။ ရန်ပုံငွေ အင်အား အနေနဲ့လည်း ပြည်သူလူထုရဲ့ အဆက်မပြတ်ထောက်ပံ့လှုဒါန်းမှုကြောင့် မျှော်လင့်တာထက် သာလွန်တဲ့ ရန်ပုံငွေ ပမာဏတစ်ခုကို ရရှိထားပြီး ဖြစ်တယ်။ ဒီရန်ပုံငွေအင်အားကို အသုံးပြုပီး တောက်လျှောက်ဖြည့်ဆည်းနေတာက လက်နက်အင်အားပဲ”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် PDF တပ်ရင်းတိုင်းကို လက်နက်တပ်ဆင်ပေးနိုင်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များကိုလည်း ထိုက်သင့်သည့် လက်နက်တိုးချဲ့တပ်ဆင်ပေးရန် အစဉ်တစိုက် ဆောင်ရွက်နေသည်ဟု ဝန်ကြီးက အသိပေးသည်။

“ခြုံပြောရင် ပြည်သူ့တွန်းလှန်စစ် ဒုတိယနှစ်မှာ တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေ ရှိပြီးဖြစ်တယ်လို့ ပြောချင်တယ်။ အရေးကြီးတာက တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအားနဲ့ ဒီတစ်နှစ်အတွင်း တစ်သံတည်းညီပြီး တစ်ချီတည်းရုန်းကြဖို့ပဲ ဖြစ်လိမ့်မယ်။ ၂၀၂၃ ဟာ မြန်မာပြည်အတွက် မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်မယ်လို့ ငါတို့ ယုံကြည်တယ်။ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဝန်ကြီး၏ ပြောကြားချက်တွင် ပြည်သူ့ တော်လှန်ရေးအတွင်း အသက်နှင့် ဘဝများ စွန့်လွှတ်ထားခဲ့သည့် ရဲဘော်များ၏ ရင်းနှီးပေးဆပ်မှုများအတွက် ဂုဏ်ပြုဦးညွှတ်ကြောင်းလည်း ပါရှိသည်။

“စစ်မြေပြင်မှာ ကျဆုံးဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေ၊ နွေဦးတော်လှန်ရေးအစ လမ်းမတွေပေါ်မှာ သွေးမြေကျ ခဲ့တဲ့ ရဲဘော်တွေ၊ အကျဥ်းထောင်နဲ့စစ်ကြောရေးစခန်းတွေအတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ညီအကို တွေ အားလုံးဟာ ပြည်သူ့သူရဲကောင်းတွေပဲ ဖြစ်တယ်။ သူတို့အားလုံးကို ငါတို့ အစဥ်အမြဲ အမှတ်တရ ရှိနေကြမှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။