Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နယ် ရှဒူးဇွပ်ဒေသရှိ ရွှေမှော်များ လာမည့် တစ်ပတ်အတွင်း ပိတ်သိမ်းပေးရန် KIAထုတ်ပြန်

“အဲဒါကြောင့် သူပိုင်တဲ့မှော်တွေကိုဖျက်သိမ်းခိုင်းတဲ့သဘောပေါ့။ အဲဒီမှာက စံပြနဲ့ ရှဒူးဇွပ်ရွာနားတစ်ဝိုက် ကိုင်းတောမှော်တို့ ပါတာပေါ့”ဟု ဒေသခံက ပြောသည်။

KIA တပ်မှ ရဲဘော်များအား တွေ့ရစဉ်
KIA တပ်မှ ရဲဘော်များအား တွေ့ရစဉ်

▪️ဖားကန့်ခရိုင်ရှိ ကျောက်စိမ်းလုပ်ကွက်မိုင်းခွဲခြင်းကိုလည်း ည ၁၁နာရီမှနံနက် ၁နာရီအတွင်းသာလုပ်ဆောင်ရန် သတိပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တနိုင်း – လီဒိုလမ်းရှိ ရှဒူးဇွပ်ရွာအနီးရှိ ရွှေမှော်များ ပိတ်သိမ်းရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၂)တပ်ရင်း(၁၄)က စာထုတ်ပြန်ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကတည်းက မင်းဇင်သန့်ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ နယ်မြေအတွင်းမှ ရွှေမှော်များ ပိတ်သိမ်းရန် နယ်မြေအတွင်းမှ ထွက်ခွာရန် KIA က အသိပေးထားခြင်းဖြစ်ည်ဟုဆိုသည်။

“ရင်း ၁၄ကနေ မင်းဇင်သန်းပေါ့။ ပြည်သူ့စစ်ခေါင်းဆောင် အုပ်ချုပ်တဲ့ ရွှေမှော်တွေရှိတယ်လေ ကိုင်းတောမှော်တို့ဘာတို့ ။အဲဒီနေရာတွေကို ၁၂ရက် နေ့လားမသိဘူးနောက်ဆုံးထားပြီး အကုန်ဖျက် သိမ်းရမယ် ထွက်ပေးရမယ်လို့ စာထုတ်ထားတယ်ဗျ”ဟု ဒေသခံက ပြောသည်။

ထိုသို့ စာထုတ်ပြန်ခြင်းမှာ မင်းဇင်သန့်၏ ပြည်သူ့စစ်က ရွှေမှော်မှ ငွေကြေးများ ကောက်ခံပြီး အင်အားကြီးထွားလာခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ မကြာမီ စစ်ရေးအခြေအနေ အပြောင်းအလဲ ရှိနိုင်၍ သတိပေးခြင်းဖြစ်နိုင်ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒါကြောင့် သူပိုင်တဲ့မှော်တွေကိုဖျက်သိမ်းခိုင်းတဲ့သဘောပေါ့။ အဲဒီမှာက စံပြနဲ့ ရှဒူးဇွပ်ရွာနားတစ်ဝိုက် ကိုင်းတောမှော်တို့ ပါတာပေါ့”ဟု ဒေသခံက ပြောသည်။

မင်းဇင်သန့်၏ ပြည်သူ့စစ်သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဒေသတွင် စစ်ဆင်ရေးများ၌ ပါဝင် လျက်ရှိသည်။

ကချင်ဒေသ စစ်ရေးသတင်းများ ရေးသားဖော်ပြနေသည့် ကချင်သတင်းရင်းမြစ်ကလည်း မင်းဇင်သန့် ဦးဆောင်သည့် အဖွဲ့ စိုးမိုးထားသည့် ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ် နှင့် ကိုင်းတော နေရာများ၌ ရွှေတူးဖော် လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်များ ခရီးသွား ပြည်သူများအားလုံး ကို လုပ်ငန်းလုပ်ကိုင်ရာနေရာများမှ ဇန်နဝါရီ ၁၄ရက် နောက်ဆုံးထား၍ အမြန်ဆုံး ထွက်ခွာရန် KIA တပ်မဟာ(၂)က အထူးသတိပေးထားသည်ဟု ဖော်ပြထားသည်။

အလားတူ KIA တပ်မဟာ(၉) တပ်ရင်း(၆) နယ်မြေဖြစ်သည့် ဖားကန့်ခရိုင်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက် မိုင်းခွဲခြင်းကိုလည်း လုပ်ငန်းရှင်းများ လိုက်နာရန် KIAက သတိပေးထုတ်ပြန်ချက်ကို ဇန်နဝါရီ ၆ရက်တွင် ထုတ်ပြန်ထားရာ ဖားကန့်ခရိုင်အတွင်းရှိ ကျောက်စိမ်းမှော်များတွင် ကျောက်စိမ်းတူးဖော်နေသော လုပ်ငန်းရှင်များသည် ကျောက်စိမ်းလုပ်ကွက် မိုင်းခွဲခြင်းကို ည ၁၁ နာရီမှ နံနက် ၁နာရီ အချိန်အတွင်းသာ လုပ်ဆောင်ရန် သတိပေးထားသည်။

လိုက်နာခြင်းမရှိသည့် မည်သည့်လုပ်ငန်းရှင်များကိုမဆို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း KIAက အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။