Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၇ရက် နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်ကော်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

(စစ်ကောင်စီတပ်က မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်တိုက်လေယာဥ်ဖြင့် ဗုံးများလာရောက်ကြဲချပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News)
(စစ်ကောင်စီတပ်က မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်တိုက်လေယာဥ်ဖြင့် ဗုံးများလာရောက်ကြဲချပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News)

တိုက်လေယာဉ်များဖြင့် ဗုံးအလုံး ၂၀ကျော်ကြဲချ တိုက်ခိုက်၊ ဒေသခံတစ်ဦး ဒဏ်ရာရပြီး အဆောက်အဦးပျက်စီးမှုရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေသို့ စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅) က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၇ရက် နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်ကော်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

(စစ်ကောင်စီတပ်က မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်တိုက်လေယာဥ်ဖြင့် ဗုံးများလာရောက်ကြဲချပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News)
(စစ်ကောင်စီတပ်က မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်တိုက်လေယာဥ်ဖြင့် ဗုံးများလာရောက်ကြဲချပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – KNU-Mutraw News)

ထို့သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာရရှိပြီး၊ အဆောက်အဦး တစ်လုံးနှင့် မော်တော်ယာဉ် တစ်စီးပျက်စီးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်သည်။

ယနေ့ နံနက် ၈နာရီခန့်မှ ၉နာရီအကြားတွင်လည်း စစ်ကောင်စီတပ်သည် တိုက်လေယာဉ် ခုနစ်စီးဖြင့် ဗုံး ၂၀လုံး လာရောက်ကြဲချခဲ့ရာ ဒေသခံများ၏ လုပ်ငန်းခွင်များအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်မှုနှင့် စစ်ဆင်ရေးများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများအတွက် အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရသည့်အပြင် စိုးရိမ်ကြောက်လှန့်မှုများဖြစ်ပွားနေရသည်ဟု KNUတပ်မဟာ(၅)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။