Connect with us

Hi, what are you looking for?

သတင်း

ဆွမ်ပရာဘွမ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု KIAအသိပေး

ယမန်နေ့၌ပင် မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေတွင် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(KIA တပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(KIA တပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️ချီဖွေလမ်း၌ စစ်ယာဉ်တန်းကို KIA မိုင်းဆွဲတိုက်ခိုက်ရာ ကား နှစ်စီးပျက်စီးပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟုဆို

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယနေ့ ညပိုင်း ဖော်ပြသည်။

ဇန်နဝါရီ ၆ရက်က ဆွမ်ပရာနှင့် မလိယန်အကြား စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ ဒေသသည် KIA အမှတ်(၁)တပ်မဟာ အမှတ်(၁၀)တပ်ရင်းနယ်မြေ ဖြစ်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၁နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့ကြောင်း၊ ဆွမ်ပရာဘွမ် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားသည့်နေရာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ယမန်နေ့၌ပင် မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေတွင် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အင်အား စစ်အသုံးအဆောင်များ စားနပ်ရိက္ခာများ တင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ ချီဖွေဘက် လှုပ်ရှားထွက်လာသည့်ဟု ယူဆရကြောင်း၊ စစ်ကားအစီး ၂၀ခန့်ပါသည့် စစ်ကောင်စီယာဉ်တန်းကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများခဲ့ပြီး ကား နှစ်စီးပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ