Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၃ရက်အတွင်း ကျေးရွာငါးရွာထက်မနည်း မီးရှိူ့ဖျက်ဆီး

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဥတုအေးလွန်းနေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ၃ရက်အတွင်း ကျေးရွာငါးရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၅ရက်က ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းမှစတင်ကာ ဘင်္ကားကျေးရွာ၊ ဖောင်းကတာရွာ၊ ကျောက်ဖြူတိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ – Cj

ဘင်္ကားရွာမှ ပြည်သူ့နေအိမ် နှစ်လုံး၊ ကျောက်ဖြူတိုင်ကျေးရွာမှ နေအိမ် ၁၀၀ ကျော်၊ ဖောင်းကတာကျေးရွာမှ နေအိမ်၆၅ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၇ ရက်) ညပိုင်းကလည်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ဆားလင်းကြီး​မြို့နယ်ရှိ ဒေသခံပြည်သူ ၁,၀၀၀နီးပါးသည် ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ – Cj

“ရွာတွေကို တိုက်ပွဲမရှိဘဲမီးရှို့တာ။ ဒီနေ့ကောထပ်ရှို့တာ။ ကျွန်တော်တို့ စစ်ရှောင်ပြည်သူတွေလည်း အရမ်းခက်ခဲနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၈ရက်) နံနက်ပိုင်းတွင်လည်း ဆားလင်းကြီးမြို့နယ် ​မိုးကြိုးပြင်(မြောက်)ရွာနှင့် ကိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ – Cj

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဥတုအေးလွန်းနေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။