Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၃ရက်အတွင်း ကျေးရွာငါးရွာထက်မနည်း မီးရှိူ့ဖျက်ဆီး

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဥတုအေးလွန်းနေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ၃ရက်အတွင်း ကျေးရွာငါးရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၅ရက်က ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းမှစတင်ကာ ဘင်္ကားကျေးရွာ၊ ဖောင်းကတာရွာ၊ ကျောက်ဖြူတိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ – Cj

ဘင်္ကားရွာမှ ပြည်သူ့နေအိမ် နှစ်လုံး၊ ကျောက်ဖြူတိုင်ကျေးရွာမှ နေအိမ် ၁၀၀ ကျော်၊ ဖောင်းကတာကျေးရွာမှ နေအိမ်၆၅ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၇ ရက်) ညပိုင်းကလည်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ဆားလင်းကြီး​မြို့နယ်ရှိ ဒေသခံပြည်သူ ၁,၀၀၀နီးပါးသည် ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ – Cj

“ရွာတွေကို တိုက်ပွဲမရှိဘဲမီးရှို့တာ။ ဒီနေ့ကောထပ်ရှို့တာ။ ကျွန်တော်တို့ စစ်ရှောင်ပြည်သူတွေလည်း အရမ်းခက်ခဲနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၈ရက်) နံနက်ပိုင်းတွင်လည်း ဆားလင်းကြီးမြို့နယ် ​မိုးကြိုးပြင်(မြောက်)ရွာနှင့် ကိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ - Cj
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချ်ု့ကနေအိမ်များ၊ ဓာတ်ပုံ – Cj

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဥတုအေးလွန်းနေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။