Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် သုံးစီးအား မြောင်အဖွဲ့ မိုင်းဆွဲတိုက်ခိုက်

ယနေ့ (ဒီဇင်ဘာ၈ ရက်)တွင်လည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်း PDF များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

(မုံရွာ - မန္တလေးလမ်းပိုင်းတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း၊ ဓာတ်ပုံ - CJ)- ပုံအဟောင်းကို အသုံးပြုထားပါသည်
(မုံရွာ - မန္တလေးလမ်းပိုင်းတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း၊ ဓာတ်ပုံ - CJ)- ပုံအဟောင်းကို အသုံးပြုထားပါသည်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက ပြောကြားသည်။

ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) နံနက် ၆ နာရီခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ ထွက်လာသော စစ်ကောင်စီ ယာဉ်သုံးစီးအား မြင်းမူမြို့နယ် ဂွေးပင်တောရွာနှင့် နတ်ရေကန်ရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း၊ ထိခိုက်သေဆုံးသူများအား ချောင်းဦးမြို့ကိုသယ်သွားကြောင်း ၊ ဇန်နဝါရီ ၄ ရက် ကကျဆုံးသွား ရဲဘော် 99 အတွက် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။

ယနေ့ (ဒီဇင်ဘာ၈ ရက်)တွင်လည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်း PDF များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။