Connect with us

Hi, what are you looking for?

သတင်း

ရေစကြို လဝက ရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မီးရှို့

ရေစကြို လဝက ရုံးဟာ မနက် ၁ နာရီလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး လဝက ရုံးကို ပြာချပေးခဲ့တယ်လို့ ရေစကြို ပ.က.ဖ က သတင်းထုတ်ပြန်ပါတယ်။

ရေစကြို လဝက ရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မီးရှို့
ရေစကြို လဝက ရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မီးရှို့

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုဖို့ပြင်ဆင်နေတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရဲ့ လဝက ရုံးကို ဒီနေ့မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) က ဝင်ရောက်မီးရှို့လိုက်ပါတယ်။

ရေစကြို လဝက ရုံးဟာ မနက် ၁ နာရီလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး လဝက ရုံးကို ပြာချပေးခဲ့တယ်လို့ ရေစကြို ပ.က.ဖ က သတင်းထုတ်ပြန်ပါတယ်။

ရုပ်သံဖိုင်ထဲမှာ လဝက ရုံးက အချက်အလက်စာရွက်စာတမ်းတွေကို မီးရှို့တာတွေ့ရပါတယ်။

ဒီလို ဖျက်ဆီးတာဟာ ပြည်သူတွေ မှတ်ပုံတင်လုပ်တဲ့အခါ ငွေကြေးတောင်းခံတာ ၊ စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုတာတွေကြောင့်ဖြစ်တယ်လို့ ရေစကြို ပ.က.ဖ ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီနှစ်ထဲ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို စစ်ကောင်စီက ဇန်နဝါရီလ ၁၀ ရက်ကစတင်ပြီ ဒီလကုန်ပိုင်းအထိကောက်ယူနေတာပါ။

NUG နဲ့ တော်လှန်ရေးအင်အားစုဘက်က စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြပြီး လူဦးရေစာရင်းကောက်ယူတဲ့အခါ မပူးပေါင်းဖို့လူထုကိုတိုက်တွန်းထားပါတယ်။

ဒါအပြင် NUG ပြည်ထဲရေးဝန်ကြီးဌာနကဆို လူဦးရေစာရင်းကောက်ယူသူတွေကို အကြမ်းဖက်ဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူမယ်လို့သတိပေးချက်ထုတ်ပြန်ထားပါသေးတယ်။

လတ်တလော စစ်ကောင်စီလူဦးရေစာရင်းကောက်ယူတဲ့နေရာအချို့ မှာ ပေါက်ကွဲမှုဖြစ်တာ ၊ စာရင်းကောက်အဖွဲ့ လုံခြုံရေးယူပေးတဲ့ ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံရတာတွေရှိခဲ့ပါတယ်။

အခု လဝက ရုံး တစ်ရုံး ပထမဆုံးအကြိမ် မီးရှို့ခံရတာလည်းဖြစ်ပါတယ်။

ရေစကြို မြို့နယ်ဟာ မကွေးတိုင်းရဲ့အရှေ့ဘက်အကျဆုံးမြို့ဖြစ်ပြီး စစ်ကောင်စီကိုအပြင်းအထန်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ထိစပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။