Connect with us

Hi, what are you looking for?

သတင်း

NUG ကာကွယ်ရေးနှင့် PSPT တို့ပူးပေါင်းကာ စစ်လက်နက်ထုတ်လုပ်ရေး ဆက်လက်ပူးပေါင်းလုပ်ဆောင်နေဟု အသိပေး

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေသည်ဟု အသိပေးသည်။

(လက်နက်ထုတ်လုပ်​ရေးလုပ်ငန်းခွင်တစ်ခု။ ဓါတ်ပုံ-MOD)
(လက်နက်ထုတ်လုပ်​ရေးလုပ်ငန်းခွင်တစ်ခု။ ဓါတ်ပုံ-MOD)

▪︎မကြာမီ အများအပြားထုတ်လုပ်နိုင်သည့်အနေအထားမျိုး ရောက်ရှိနေဟု NUG ပြောရေးဆိုခွင့်ရှိသူ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT)တို့ ပူးပေါင်းကာ လက်နက်ထုတ်လုပ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေသည်ဟု အသိပေးသည်။

ယင်းသို့ စစ်လက်နက်ထုတ်လုပ်ရေးနှင့်ပတ်သက်၍ “MoD အနေနဲ့ PDF တပ်ရင်းတွေကို လက်နက်တပ်ဆင်ပေးနိုင်ဖို့အတွက် လက်နက်ဝယ်ယူဖြည့်တင်းခြင်းအပြင် ကိုယ်တိုင်တပ်ဆင်ထုတ်လုပ်တဲ့ နည်းလမ်းကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ သေချာစနစ်တကျ သုတေသနတွေလုပ်ပြီး ကျွမ်းကျင်တဲ့သူတွေနဲ့ တပ်ဆင်ထုတ်လုပ်နေတာတွေလည်း စတင်နေတာ ဖြစ်ပါတယ်။ အချို့သော လက်နက်တွေဆိုရင် ထုတ်လုပ်မှုအောင်မြင်ပြီး တိုက်ပွဲဝင်နေတဲ့ အခြေအနေတွေ ရှိသလို စမ်းသပ်မှုအဆင့် အတိုင်းအတာတစ်ခုအထိ ရောက်ပြီးတော့ မကြာခင်မှာ mass production(အများအပြားထုတ်လုပ်ရေး) အနေနဲ့ ထုတ်လုပ်မယ့် အနေအထားမျိုး ရောက်ရှိနေတာလည်း ရှိပါတယ်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများထဲတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့တွင် တိုက်ခိုက်ရေး၊ လေ့ကျင့်ရေး၊ စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးနှင့် ပြည်သူ့ရင်ခွင်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြပြီးဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT)မှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနှင့် ပြင်ဆင်ထောက်ပံ့ရေးလုပ်ငန်းများတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ပြည်သူ့ဘက်ရပ်တည်လာသော စစ်သားများဦးစီးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ဘက်ရပ်တည်လာမည့်လူများကို ဆက်လက်ကြိုဆိုနေမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်သူနှင့်မပူးပေါင်းနိုင်သေးသူများကိုလည်း ပြည်သူ့ဘက်အမြန်ဆုံးရပ်တည်ရန်(သို့မဟုတ်) အမာခံသတင်းပေးများအဖြစ် ရပ်တည်ရန် တိုက်တွန်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို