Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပိုင်မြေများတွင် အကောင်အထည်ဖော်မည့် NUG၏တိုက်ခန်းများ ပြည်သူများဝယ်ယူရန် စိတ်ဝင်စား

‌NUG၏ရောင်းချမည့် ကွန်ဒိုတိုက်ခန်းများမှာ ကမ္ဘာအေးလမ်းမပေါ်ရှိ ၁၀၆ တပ်ပိုင်မြေနေရာများဖြစ်ပြီး ကွန်ဒို အခန်းလေးမျိုးခွဲခြားရောင်းချမည်ဟု NUGကထုတ်ပြန်ထားသည်။

(စစ်တပ်သိမ်း​မြေများတွင် ​နွေဦး​တော်လှန်​ရေး ရန်ပုံ​ငွေအတွက် ​ရောင်းချမည့်အိမ်ရာများ။ ပုံစံငယ်-EOD)

နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက်ရန်ုကုန်မြို့ရှိစစ်​တပ်ပိုင်မြေပိုင်မြေကွက် လေးခုကို တန်ဖိုးနည်းတိုက်ခန်းနှင့်ကွန်ဒိုတိုက်ခန်းများအဖြစ် ပုံ​ဖော်ရောင်းချမည်ဖြစ်ကြောင်း NUG၏ မြေကွက်ရောင်းချရေးအဖွဲ့(EOD)က ယမန့်နေ့ကထုတ်ပြန်ကြေညာလိုက်သည်။

ကမ္ဘာအေးရှိ စစ်တပ်ပိုင်မြေကွက်တွင်ကွန်ဒိုတိုက်ခန်းနှင့် တောင်ဒဂုံ၊ လှိုင်သာယာနှင့် မင်္ဂလာဒုံတို့ရှိ စစ်တပ်ပိုင်မြေကွက်များကို တန်ဖိုးနည်းတိုက်ခန်းများအဖြစ် ဖော်ဆောင်ရောင်းချမည်ဖြစ်သည်ဟု NUGကအသိ​ပေးသည်။

“ အဆင့်အတန်းမီလူနေတိုင်ခန်းများကိုတော်လှန်ပြည်သူများ လက်လှမ်းမီရန် ရည်သန်လျက် လစဉ်ပေးသွင်းငွေ ဒေါ်လာရာ ဂဏန်းဖြင့်ရောင်းချပေးသွားပါမယ်”ဟု NUG၏ မြေကွက်ရောင်းချရောင်းအဖွဲ့ EODက ထုတ်ပြန်ထားသည်။

(စစ်တပ်သိမ်း​မြေများတွင် ​နွေဦး​တော်လှန်​ရေး ရန်ပုံ​ငွေအတွက် ​ရောင်းချမည့်အိမ်ရာများ။ ပုံစံငယ်-EOD)
(စစ်တပ်သိမ်း​မြေများတွင် ​နွေဦး​တော်လှန်​ရေး ရန်ပုံ​ငွေအတွက် ​ရောင်းချမည့်အိမ်ရာများ။ ပုံစံငယ်-EOD)

လှိုင်သာယာ၊ တောင်ဒဂုံနှင့် မင်္ဂလာဒုံလေဆိပ်အနီးတို့ရှိစစ်တပ်သိမ်းထား​သော​မြေများတွင် တန်ဖိုးနည်းတိုက်ခန်းများကိုရောင်းချမည်ဟုဆိုသည်။လှိုင်သာယာမြို့နယ်၊ဘုရင်နောင်တံတားအဆင်းရှိ စစ်တပ်ပိုင်မြေကွက် ၂၀၀ကျော်နှင့်မင်္ဂလာဒုံလေဆိပ်အနီးရှိ မြေကွက် ၈၀ကျော်တွင် အကောင်အထည်ဖော်မည်ဟုအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

သို့​သော်တောင်ဒဂုံရှိစစ်တပ်ပိုင်မြေကွက်အကျယ်ကိုမူNUGက ထုတ်ပြန်ကြေညာထားခြင်းမရှိ​သေး​ပေ။

ရောင်းချမည့် အချိန်ကိုလည်း NUGက ထုတ်ပြန်ကြေညာထားခြင်းမရှိသေးဘဲ အများပြည်သူကစိတ်ဝင်စားနေပြီးရန်ကုန်မြို့ရှိ လူလတ်တန်းစားများတတ်နိုင်သည့် ပမာဏလည်းဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က​ပြောသည်။

“တောင်ဒဂုံက မြေကွက်တွေက ရန်ကုန်-မန္တလေး အမှတ် ၂လမ်းမကြီးဘေးမှာဆိုတော့ စိတ်ဝင်စားတယ်။ တစ်လကို ဒေါ်လာ ၁၀၀ကျော်ဆိုတော့တတ်နိုင်တဲ့ပမာဏဘဲ။ ဘယ်လိုဝယ်ယူရမလဲ စောင့်နေပါတယ်”ဟု ရန်ကုန်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

(စစ်တပ်သိမ်း​မြေများတွင် ​နွေဦး​တော်လှန်​ရေး ရန်ပုံ​ငွေအတွက် ​ရောင်းချမည့်အိမ်ရာများ။ ပုံစံငယ်-EOD)
(စစ်တပ်သိမ်း​မြေများတွင် ​နွေဦး​တော်လှန်​ရေး ရန်ပုံ​ငွေအတွက် ​ရောင်းချမည့်အိမ်ရာများ။ ပုံစံငယ်-EOD)

‌NUG၏ရောင်းချမည့် ကွန်ဒိုတိုက်ခန်းများမှာ ကမ္ဘာအေးလမ်းမပေါ်ရှိ ၁၀၆ တပ်ပိုင်မြေနေရာများဖြစ်ပြီး ကွန်ဒို အခန်းလေးမျိုးခွဲခြားရောင်းချမည်ဟု NUGကထုတ်ပြန်ထားသည်။

“ကွန်ဒိုတိုက်ခန်းတွေကိုတော့ အခုလာမယ့် စနေနေ့မှ စရောင်းမယ်။ အခြားတိုက်ခန်းတွေကတော့ ဒီလထဲမှာပဲရောင်းမယ် ရက်အတိအကျတော့ မသိသေးဘူး။”ဟု NUG၏ အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

တန်ဖိုးနည်းမြေကွက်များသည် ဒေါ်လာ ၄၄၀၀မှ ဒေါ်လာ ၁၁,၄၀၀ အထိဖြစ်ပြီး ကွန်ဒိုတိုက်ခန်းများသည် ဒေါ်လာ ၁၈,၇၅၀မှ ဒေါ်လာ ၄၀,၅၀၀ အထိဖြစ်သည်။ တစ်နှစ်အတွင်း ၃၀ ရာခိုင်နှုန်းကို အရစ်ကျပေးသွင်းရမည်ဖြစ်သည်ဟုသိရသည်။

(စစ်တပ်သိမ်း​မြေများတွင် ​နွေဦး​တော်လှန်​ရေး ရန်ပုံ​ငွေအတွက် ​ရောင်းချမည့်အိမ်ရာများ။ ပုံစံငယ်-EOD)
(စစ်တပ်သိမ်း​မြေများတွင် ​နွေဦး​တော်လှန်​ရေး ရန်ပုံ​ငွေအတွက် ​ရောင်းချမည့်အိမ်ရာများ။ ပုံစံငယ်-EOD)

တန်ဖိုးနည်းတိုက်ခန်းများ၏ ၃၀ရာခိုင်နှုန်းကို ၁၂ လအရစ်ကျပေးသွင်းရမည်ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကိုလည်းနှစ်ကာလအပိုင်းအခြားဖြင့် ပေးသွင်းရမည်ဖြစ်သည်ဟုကိုယ်စားလှယ်များကဆိုသည်။

တော်လှန်ရေးအောင်မြင်ပြီးပါက တိုက်ခန်းများကို မဲစနစ်ဖြင့် မြို့နယ်၊ တိုက်၊အလွှာများကို သတ်မှတ်ပေးမည်ဖြစ်ပြီး စိတ်ကြိုက်ရွှေးချယ်ခွင့်ရှိမည်မဟုတ်​ကြောင်း အရောင်းကိုယ်စားလှယ်များထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ