Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်ရွေးကောက်ပွဲလူစာရင်းပြုလုပ်နေသည့် မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်

NMDအဖွဲ့သည် အယောင်ဆောင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသူများကို သတိပေးခဲ့ပြီးနောက် တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

တရားမဝင်ရွေးကောက်ပွဲလူစာရင်းပြုလုပ်နေသည့် မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်
တရားမဝင်ရွေးကောက်ပွဲလူစာရင်းပြုလုပ်နေသည့် မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူစာရင်းပြုလုပ်နေသည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူကပြောသည်။

အုပ်ချုပ်ရေးမှူးများ ၊ပျူစောထီးများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းရပ်ကွက်ရုံးအတွင်း ရွေးကောက်ပွဲအတွက် ပြုလုပ်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက် ညနေ ၅နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဗုံးပေါက်ပြီးနောက် အုပ်ကြီး၊ ပျူ၊ စခများမှ ကြောက်လန့်ပြီး ပြည်သူများအား အော်ဟစ်ဆဲဆို ကြိမ်းမောင်းနေကြောင်း သိရပါသည်။ နောက်ဆက်တွဲ သတင်းအရ ထိုရပ်ကွက်အား ယနေ့ည ဧည့်စာရင်း စစ်မည်ဟု သတင်းရရှိပါသည်။ အထိအခိုက်စာရင်းကို အတည်မပြုနိုင်သေးပါ။ ” NMD ကသတင်းထုတ်ပြန်ထားသည်။

NMDအဖွဲ့သည် အယောင်ဆောင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသူများကို သတိပေးခဲ့ပြီးနောက် တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇန်နဝါရီ ၁၆ ရက်ကလည်း ရွေးကောက်ပွဲအတွက် စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်နေသည့် နေရာနှစ်ခုကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

“သီရိမာလာက ဗုံးက errorဖြစ်သွားတယ်ဗျ၊အမရပူရကတော့ အစကအထဲပစ်မလို့ ကလေးထွက်လာတာမြင်တော့ လက်ကတွန့်သွားပြီး အပေါက်နားက ပစ်ပြီးပြေးခဲ့ရတာ။”ဟု ဇန်နဝါရီ ၁၆ရက်ကပြုလုပ်ခဲ့သည့် စစ်ဆင်ရေး နှစ်ခုအကြောင်းနှင့်ပတ်သက်ပြီး ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တရားမဝင်ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် နေရာများကို သွားလာခြင်းမပြုရန် ‌၎င်းက မေတ္တာရပ်ခံသည်။

NMD အနေဖြင့် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲတွင်ပူးပေါင်းပါဝင်ခြင်းမပြုရန် ဇန်နဝါရီ ၁၁ ရက်က မန္တလေးမြို့ရှိ လူဦးရေစာရင်းကောက်ယူသည့်နေရာ ငါးနေရာတွင် ဖောက်ခွဲမှုများပြုလုပ်၍ သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်က မေလ ၂၃ ရက် မှာ ရှမ်းပြည်နယ် ၊ ကျိုင်းတုံမြို့ ၊ တြိဂံတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ထပ်မံပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို တရုတ်သမ္မတက အားပေးထောက်ခံသည်ဟု လိမ်လည်ဝါဒဖြန့်နေပြီး ရှီကျင့်ဖျင်မပြောဆိုသည့် စကားများကိုလည်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများ၌ ဖော်ပြနေသည်။

သတင်း

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်

သတင်း

ပြည်သူလူထုကို သတ်ဖြတ်ပြီးကျေးရွာများ မီးရှို့နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပါတီထောင်ရွေးကောက်ပွဲဝင်မည့် ကိစ္စကို စိတ်ကူးပင် မယဉ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်(Kenton)က ပြောကြားသည်။