Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို​တော်လှန်​ရေးအဖွဲ့များမီးရှို့

တမူးမြို့ စော်ဘွားရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို ယနေ့ (ဇန်နဝါရီ ၁၉ရက်) နံနက်၁၀နာရီခန့်တွင် တမူးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ABSDF တပ်ရင်း(၅)နှင့် မဟာမိတ်အဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

(တမူးမြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ် ၊ဓာတ်ပုံ - CJ)
(တမူးမြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ် ၊ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း တမူးမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်ပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်သူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေး ထုတ်ပြန်လိုက်သည်။

တမူးမြို့ စော်ဘွားရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို ယနေ့ (ဇန်နဝါရီ ၁၉ရက်) နံနက်၁၀နာရီခန့်တွင် တမူးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ABSDF တပ်ရင်း(၅)နှင့် မဟာမိတ်အဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

အတုအ​ယောင်ရွေးကောက်ပွဲအတွက် စာရွက်စာတမ်းများထိန်းသိမ်းထားသည့် ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီး နောက်နောင်တွင်လည်း အတုအ​ယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ဆက်နွယ်သော မည်သူကိုမဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု တမူးမြို့ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“စစ်အုပ်စုနဲ့ Non CDM တွေကတော့ ရွေးကောက်ပွဲကို အမှန်လို့ထင်လိမ့်မယ်။ ဒါက စစ်ကောင်စီက သူရပ်တည်လို့မရတော့လို့လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ။ ဒီရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို ထိထိ​ရောက်ရောက်အရေးယူသွားမယ်လို့ သတိပေးချင်ပါတယ်” ဟု ဗမာကျောင်းသားများအဖွဲ့အစည်း ဗဟိုကော်မတီဥက္ကဌ ကိုအောင်ဖြိုးကြွယ်က ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးရော စစ်ရေးအရပါ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့၏ ထွက်ပေါက်တစ်ခုအနေဖြင့် ရွေးကောက်ပွဲလုပ်ရန် ကြိုးပမ်းနေသည်။ စစ်ကောင်စီကပြုလုပ်ရန် ကြိုးပမ်းနေသည့် အဆိုပါ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူမှန်သမျှကို အရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရကလည်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်