Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်ရှိ မယ်စ​လောင်း​တောင်ကုန်းမှစစ်​ကောင်စီတပ်စခန်းကို ကရင်နီပူး​ပေါင်းတပ်များသိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့ကာ ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး အဆိုပါစခန်းကုန်းအား ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

(မယ်စ​လောင်း​တောင်စစ်​ကောင်စီစခန်းမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(မယ်စ​လောင်း​တောင်စစ်​ကောင်စီစခန်းမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

▪︎လက်နက်မျိုးစုံ ၁၀ လက်၊ကျည်မျိုးစုံနှင့် မိုင်းများသိမ်းဆည်းရရှိ

▪︎စစ်သာအ​လောင်း ၅ ​လောင်းရပြီးကျန်စစ်သားများထွက်​ပြေး ၊ကရင်နီပူး​ပေါင်းတပ်ကစခန်းကိုမီးရှို့

▪︎”စကစတပ်သားတွေအနေနဲ့မျက်မြင်ငါးဦးထက်ပိုပြီးသေနိုင်သေးတယ်”‘ KNDF တာဝန်ရှိသူတစ်ဦး

ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသောစစ်ကောင်စီ၏ တပ်စခန်းကို ကရင်နီပူး​ပေါင်းတပ်များက ဇန်နဝါရီ ၂၀ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။

လက်နက်မျိုးစုံ ၁၀ လက်နှင့် ခဲယမ်းများ ၊မိုင်းများသိမ်းဆည်းရရှိသလို ၊စစ်သားအ​လောင်း ၅ ​လောင်းရရှိပြီးစခန်းရှိကျန်စစ်သားများ ထွက်​ပြေးကုန်​ကြောင်းကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF) က ယနေ့ ထုတ်ပြန် သည်။

ဇန်နဝါရီ ၂၀ ရက် ၊ နံနက် ၇ နာရီ ၅၀ မိနစ် မှစ၍ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက်၉ နာရီခွဲအချိန်ထိ အပြန်အလှန်ပစ်ခက်မှုများအပြီး ကရင်နီပူပေါင်းတပ်ဖွဲ့များမှာ စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနေသော (၅)ဦး၏ ရုပ်အလောင်းများကို ရှင်းလင်းခဲ့ရပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့ကာ ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး အဆိုပါစခန်းကုန်းအား ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက်၊၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ပါ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့သည်။

(မယ်စ​လောင်း​တောင်စစ်​ကောင်စီစခန်းမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(မယ်စ​လောင်း​တောင်စစ်​ကောင်စီစခန်းမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်အား KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် လေးစာအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်သည်။

ဘောလခဲမြို့နယ်အတွင်း စစ်ရေးအရအရေးပါ၍ နှစ်ပေါင်းများစွာ အခိုင်အမာတပ်ချကာ ခြေကုပ်ယူထားသော အကြမ်းဖက်စစ်ကောင် စီ၏ မယ်စလောင်းတောင်စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နေချိန်၌လည်း KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီ၏ ခြေကုပ် စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ မိမိတို့ပူးပေါင်းတပ်များဖက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်။

“စခန်းသိမ်းဖို့ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ကြိုတင်ပြင်ဆင်ညှိနှိုင်းခဲ့တယ်။ဘယ်လိုဆောင် ရွက်နိုင်ခဲ့တယ်ဆိုတာတော့ စစ်ရေးအရ မပြောလိုသေးဘူး။နောက်တစ်ခုကစကစ တပ်သားတွေအနေနဲ့မျက်မြင်ငါးဦးထက်ပိုပြီးသေနိုင်သေးတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပြည်သူလူထုအား နေ့စဥ်လက်နက်ကြီးများ ပစ်ခက်၍ စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီ၏ စခန်းများထဲမှ တစ်ခုဖြစ်သည့် မယ်စလောင်းတောင်စခန်းကုန်းအား ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့်အတူ ညီညွှတ်စွာချေမှုန်းတိုက်ခိုက်ခဲ့ကြသော Karenni Commando ၊ ကရင်နီတပ်မတော် (KA )၊ Loikaw PDF ၊ DMO PDF ၊ ဘောလခဲ PDF တို့ကိုလည်းရှေ့ဆက်တိုက်ပွဲများတွင် ဆက်လက်၍ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် လည်း KNDFကတိုက်တွန်းသည်။

▪︎သတင်းကို ဇန်နဝါရီ ၂၁ ည​နေ ၃ နာရီ ၅၀ တွင်ထပ်မံဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။