Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲမြို့နယ်ရှိ မယ်စ​လောင်း​တောင်ကုန်းမှစစ်​ကောင်စီတပ်စခန်းကို ကရင်နီပူး​ပေါင်းတပ်များသိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့ကာ ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး အဆိုပါစခန်းကုန်းအား ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

(မယ်စ​လောင်း​တောင်စစ်​ကောင်စီစခန်းမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(မယ်စ​လောင်း​တောင်စစ်​ကောင်စီစခန်းမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

▪︎လက်နက်မျိုးစုံ ၁၀ လက်၊ကျည်မျိုးစုံနှင့် မိုင်းများသိမ်းဆည်းရရှိ

▪︎စစ်သာအ​လောင်း ၅ ​လောင်းရပြီးကျန်စစ်သားများထွက်​ပြေး ၊ကရင်နီပူး​ပေါင်းတပ်ကစခန်းကိုမီးရှို့

▪︎”စကစတပ်သားတွေအနေနဲ့မျက်မြင်ငါးဦးထက်ပိုပြီးသေနိုင်သေးတယ်”‘ KNDF တာဝန်ရှိသူတစ်ဦး

ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသောစစ်ကောင်စီ၏ တပ်စခန်းကို ကရင်နီပူး​ပေါင်းတပ်များက ဇန်နဝါရီ ၂၀ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။

လက်နက်မျိုးစုံ ၁၀ လက်နှင့် ခဲယမ်းများ ၊မိုင်းများသိမ်းဆည်းရရှိသလို ၊စစ်သားအ​လောင်း ၅ ​လောင်းရရှိပြီးစခန်းရှိကျန်စစ်သားများ ထွက်​ပြေးကုန်​ကြောင်းကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF) က ယနေ့ ထုတ်ပြန် သည်။

ဇန်နဝါရီ ၂၀ ရက် ၊ နံနက် ၇ နာရီ ၅၀ မိနစ် မှစ၍ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက်၉ နာရီခွဲအချိန်ထိ အပြန်အလှန်ပစ်ခက်မှုများအပြီး ကရင်နီပူပေါင်းတပ်ဖွဲ့များမှာ စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနေသော (၅)ဦး၏ ရုပ်အလောင်းများကို ရှင်းလင်းခဲ့ရပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့ကာ ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး အဆိုပါစခန်းကုန်းအား ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက်၊၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ပါ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့သည်။

(မယ်စ​လောင်း​တောင်စစ်​ကောင်စီစခန်းမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(မယ်စ​လောင်း​တောင်စစ်​ကောင်စီစခန်းမှ ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်အား KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် လေးစာအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်သည်။

ဘောလခဲမြို့နယ်အတွင်း စစ်ရေးအရအရေးပါ၍ နှစ်ပေါင်းများစွာ အခိုင်အမာတပ်ချကာ ခြေကုပ်ယူထားသော အကြမ်းဖက်စစ်ကောင် စီ၏ မယ်စလောင်းတောင်စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နေချိန်၌လည်း KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီ၏ ခြေကုပ် စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ မိမိတို့ပူးပေါင်းတပ်များဖက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်။

“စခန်းသိမ်းဖို့ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ကြိုတင်ပြင်ဆင်ညှိနှိုင်းခဲ့တယ်။ဘယ်လိုဆောင် ရွက်နိုင်ခဲ့တယ်ဆိုတာတော့ စစ်ရေးအရ မပြောလိုသေးဘူး။နောက်တစ်ခုကစကစ တပ်သားတွေအနေနဲ့မျက်မြင်ငါးဦးထက်ပိုပြီးသေနိုင်သေးတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပြည်သူလူထုအား နေ့စဥ်လက်နက်ကြီးများ ပစ်ခက်၍ စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီ၏ စခန်းများထဲမှ တစ်ခုဖြစ်သည့် မယ်စလောင်းတောင်စခန်းကုန်းအား ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့်အတူ ညီညွှတ်စွာချေမှုန်းတိုက်ခိုက်ခဲ့ကြသော Karenni Commando ၊ ကရင်နီတပ်မတော် (KA )၊ Loikaw PDF ၊ DMO PDF ၊ ဘောလခဲ PDF တို့ကိုလည်းရှေ့ဆက်တိုက်ပွဲများတွင် ဆက်လက်၍ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် လည်း KNDFကတိုက်တွန်းသည်။

▪︎သတင်းကို ဇန်နဝါရီ ၂၁ ည​နေ ၃ နာရီ ၅၀ တွင်ထပ်မံဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။