Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်အခြေစိုက် ရဲတပ်ဖွဲ့မှုခင်းနှိမ်နှင်းရေးတပ်စုမှ တပ်ကြပ်ကြီးနှစ်ဦး CDM ပြုလုပ်လာ

လက်ရှိ အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာကာ ကရင်နီပြည်သူ့တပ်ဖွဲ့မျာထံ ဆက်သွယ်ခိုလှုံလာသည့် စစ်သားနှင့် ရဲ ၁၀၀ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

(CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီးနှစ်ဦး နှင့် ၎င်းတို့ပါလာသော ခဲယမ်းများ။ဓာတ်ပုံ - BPDF)
(CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီးနှစ်ဦး နှင့် ၎င်းတို့ပါလာသော ခဲယမ်းများ။ဓာတ်ပုံ - BPDF)

ဘောလခဲမြို့နယ်အခြေစိုက် ရဲတပ်ဖွဲ့မှုခင်းနှိမ်နှင်းရေးတပ်စုမှ တပ်ကြပ်ကြီးနှစ်ဦး CDM ပြုလုပ် ၍ ဝင်ရောက်ခိုလှုံလာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်သည်။

ကျည်ဆံ ၃၀၀ကျော်အပါအဝင် လက်ပစ်ဗုံး ခြောက်လုံးနှင့်အတူ ပြည်သူနှင့်အတူပူးပေါင်းလာသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ တပ်ကြပ်ကြီး အဆင့်ရှိသူများဖြစ်ကြောင်း ဖော်ပြသည်။

တပ်ကြပ်ကြီးကိုဝင်းထွန်း ကိုယ်ပိုင်အမှတ် (လ/၁၅၈၇၃၂) နှင့် နယ်ထိန်းတပ်ကြပ်ကြီး ကိုမျိုးဆွေးဦး (လ/၁၈၆၆၄၈) တို့သည် ယခုလ ၃ရက်က ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(BPDF)ထံသို့ ဆက်သွယ်လာခြင်းဖြစ်သည်။

(CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီးနှစ်ဦး နှင့် ၎င်းတို့ပါလာသော ခဲယမ်းများ။ဓာတ်ပုံ - BPDF)
(CDM ပြုလုပ်လာသည့် ရဲတပ်ကြပ်ကြီးနှစ်ဦး နှင့် ၎င်းတို့ပါလာသော ခဲယမ်းများ။ဓာတ်ပုံ – BPDF)

(၇ ဒသမ ၆၂) မမ ကျည် ၃၂၁ တောင့် ၊လက်ပစ်ဗုံး ၆ လုံးနှင့် ဆက်သွယ်ရေး စကား‌ပြောစက် ၂လုံးပါရှိလာကာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အပ်နှံခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဖက်မှ CDM ပြုလုပ်လာမည့် စစ်သားနှင့် ရဲများကို ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာကာ ကရင်နီပြည်သူ့တပ်ဖွဲ့မျာထံ ဆက်သွယ်ခိုလှုံလာသည့် စစ်သားနှင့် ရဲ ၁၀၀ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။