Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်တွင် ရဲများအထိုင်ချရာနေရာကို တော်လှန်ရေးအင်အားစုများ သွားရောက်တိုက်ခိုက်

ဇန်နဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က အရာတော် မြို့နယ်၊ နောင်ကြီးအိုင်ကျးရွာတွင် အထိုင်ချနေသော ရဲစခန်းအား လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရဲအုပ်စု မီးရှို့ဖျက်ဆီးသွားသော နေအိမ်နှင့် တဲအား တွေ့ရစဉ်၊ ဓာတ်ပုံ - မိုးသီးမုန်တိုင်း Defense Force အဖွဲ့
ရဲအုပ်စု မီးရှို့ဖျက်ဆီးသွားသော နေအိမ်နှင့် တဲအား တွေ့ရစဉ်၊ ဓာတ်ပုံ - မိုးသီးမုန်တိုင်း Defense Force အဖွဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ကျေးရွာ၌ အထိုင်ချနေသော စစ်ကောင်စီလက်ပါးစေ ရဲအုပ်စုအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မိုးသီးမုန်တိုင်း Defense Force အဖွဲ့က သတင်းထုတ်ပြန် သည်။

ဇန်နဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က အရာတော် မြို့နယ်၊ နောင်ကြီးအိုင်ကျးရွာတွင် အထိုင်ချနေသော ရဲစခန်းအား လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရဲများကလည်း ၁နာရီခန့်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ရဲ ၁၂ ဦးမှာ အောင်သုခရွာအတွင်းသို့ ဝင်ရောက်ပြီး နေအိမ်တစ်လုံးနှင့် တဲတစ် လုံးကို မီးရှို့ဖျက်စီးသွားကြောင်း မိုးသီးမုန်တိုင်း Defense Force အဖွဲ့က ဆိုသည်။

ရဲအုပ်စု မီးရှို့ဖျက်ဆီးသွားသော နေအိမ်နှင့် တဲအား တွေ့ရစဉ်၊ ဓာတ်ပုံ - မိုးသီးမုန်တိုင်း Defense Force အဖွဲ့
ရဲအုပ်စု မီးရှို့ဖျက်ဆီးသွားသော နေအိမ်နှင့် တဲအား တွေ့ရစဉ်၊ ဓာတ်ပုံ – မိုးသီးမုန်တိုင်း Defense Force အဖွဲ့

အောင်သုခရွာအတွင်းသို့ ဝင်ရောက် မွှေနှောက် ပြီးအပြန်တွင် အဆိုပါ ရဲ ၁၂ဦးအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ် ခွာခဲ့ကြောင်း ၊ဖြစ်စဥ်တွင် ရဲများထိခိုက်မှုရှိသော်လည်း စုံစမ်းနေကြောင်း မိုးသီးမုန်တိုင်း Defense Force အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်းအင်အားစုများထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မိုးသီးမုန်တိုင်း Defense Force၊ အရာတော်မြို့နယ် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၆)၊ အရာတော်မြို့နယ် (ပ.က.ဖ)ရဲဘော်များ၊ ဗိုလ်ဥသြအဖွဲ့နှင့်မြောက်ပိုင်းညီနောင်များ မဟာမိတ်တပ်ပေါင်းစု (N.B.A.R.S )တို့ ပါဝင်တိုက်ခိုက်ခဲကြောင်း အသိပေးထားသည်။

အဆိုပါ နောင်ကြီးအိုင်ရွာ ရဲစခန်းရှိ ရဲများသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်ကလည်း အောင်သုခရွာရှိ နေအိမ်တစ်လုံးနှင့် ဆီစက်တဲတစ်လုံး မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။