Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရားသုံးဆူရှိ DKBA တပ်မှူး ဗိုလ်မှူးကြီး စောအေဝမ်း၏ နေအိမ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် ၊ နေအိမ်ပျက်စီးပြီး ၂ ဦးထိခိုက်

ယခု လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ဗိုလ်မှူးကြီးစောအေဝမ်းနှင့် မိသားစုများ လွတ်မြောက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ဘုရားသုံးဆူရှိ DKBA တပ်မှူး ဗိုလ်မှူးကြီး စောအေဝမ်း၏ နေအိမ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် ၊ နေအိမ်ပျက်စီးပြီး ၂ ဦးထိခိုက်
ဘုရားသုံးဆူရှိ DKBA တပ်မှူး ဗိုလ်မှူးကြီး စောအေဝမ်း၏ နေအိမ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် ၊ နေအိမ်ပျက်စီးပြီး ၂ ဦးထိခိုက်

▪︎စစ်ကောင်စီအား တိုက်ခိုက်ရာတွင် ပါဝင်မှုအား ရန်သူက ရိပ်မိ၍ တုံ့ပြန်ခြင်းဖြစ်နိုင်ဟု KNU သတင်းရင်းမြစ်ပြော

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်ကို စစ်ကောင်စီတပ်က ယမန်နေ့ည(ယနေ့ မနက်အစောပိုင်း)၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း DKBA တပ်မှူးတစ်ဦးက ပြောသည်။

တိုက်လေယာဉ် ၄စီးဖြင့် ယနေ့ ဇန်နဝါရီ ၂၁ရက် နံနက် ၁နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နှင့် ဘုရားကျောင်းဆောင် အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံများ၊ အလုပ်သမားတန်းလျားများ ဗုံးထိမှန် ပျက်စီးခဲ့ကြောင်း ငွေမောင်းသံမီဒီယာက ဖော်ပြခဲ့ရာ အဆိုပါ ဖော်ပြချက်အားလုံးမှန်ကန်မှုရှိကြောင်း DKBA ဌာနချုပ်မှ တပ်မှူးတစ်ဦးက ပြောသည်။ထို့ပြင် ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်ကို လေယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက် ခဲ့သည်ဟုဆိုသည်။

ဗိုလ်မှူးကြီးစောအေဝမ်းသည် NCA ဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပစဉ်က DKBA ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သူဖြစ်သည်။ လက်ရှိ စစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်း၊ လက်ရှိ စစ်ကောင်စီ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ရာပြည့်တို့နှင့် ယခင်က ရိုက်ကူးထားသည့် ဓာတ်ပုံများလည်း လေကြောင်း တိုက်ခိုက်ခံရမှုတွင် ပျက်စီးခဲ့ကြောင်း၊ စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ကိုဗစ်ကာလအတွင်း ရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်မှုကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဂုဏ်ပြု လွှလည်း လေကြောင်း တိုက်ခိုက်ခံရမှုတွင် ပျက်စီးခဲ့ ကြောင်း ငွေမောင်းသံ မီဒီယာက ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ယခု လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ဗိုလ်မှူးကြီးစောအေဝမ်းနှင့် မိသားစုများ လွတ်မြောက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။ သို့ရာတွင် DKBA တပ်မှူးအချို့ကမူ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရာတွင် နယ်မြေအတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် နားလည်မှုရှိရှိ ပါဝင်လျက်ရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပါဝင်သည်ကို ရန်သူက သိရှိ၍ ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“အဲဒီဘက်မှာ DKBAက ကျနော်တို့ KNUနဲ့က ကရင်အချင်ချင်းပေါ့ ကရင်အချင်းချင်းသာ မကဘူး ပြည်သူလူထုကလည်း တွန်းလှန်တဲ့အဖွဲ့အစည်းတွေရှိတာပဲ။အဲဒါကြောင့် ဒီအချိန်မှာ ပြည်သူက ထပ်ပြီးတော့ တွန်းလှန်တယ် စစ်ရေးအရလည်း စစ်ဆင်တယ်။အဲဒါကြောင့် DKBAလည်း သူ့နေရာမှာ ပွင့်ပွင့်လင်းလင်း မပြောတာပဲရှိတယ်။ ဒါကို ရန်သူက သိတာပေါ့။ ရန်သူ က သိတော့ သူတို့ကလည်း ချမှာပေါ့။ လူအထိအခိုက်တော့ မကြားမိဘူး ကားသမားနှစ်ယောက်လားမသိဘူးထိတယ်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာမှုကြောင့် DKBA တပ်မှူး ဗိုလ်မှူးကြီး စောအေဝမ်း အဖွဲ့ အနေဖြင့် တော်လှန်ရေး အဖွဲ့အစည်းများဖြင့် ပေါ်ပေါ်တင်တင် တော်လှန်ရေး၌ ပါဝင်လာနိုင်မည်ဖြစ် ကြောင်းလည်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရန်သူ စစ်ကောင်စီအနေဖြင့်လည်း DKBA အဖွဲ့ကို တစ်ဖက်က စည်းရုံးမှု လုပ်ဆောင်သကဲ့သို့ တစ်ဖက်တွင်လည်း ယခုကဲ့သို့ တိုက်ခိုက်နေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခု လေကြောင်း တိုက်ခိုက်ခံရသည့် နယ်မြေသည် KNU ဒူးပလာယာခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ(၆) ၊ တပ်ရင်း (၁၆)နယ်မြေဖြစ်သည်။

လေကြောင်း တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး DKBA မှ အရာရှိ သုံးဦးအား ဆယ်သွယ်မေးမြန်းရာ အချို့က ဖြေကြားလိုခြင်းမရှိကြောင်း ပြောကြားပြီး အချို့က ဌာနချုပ်နှင့် ကင်းကွာနေ၍ မသိရသေးဟု ဖြေကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။