Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်ရှိ အင်းမရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်မီးရှို့

“ဒီစစ်ကြောင်းက အတော်ဆိုးတယ်ဗျ။ပိတ်မိသမျှ ပြည်သူတွေ အကုန်သတ်တာ။ သတ်သေသွားတဲ့သူကလည်း ဘယ်လောက်နှိပ်စက်ခံထားရလဲဆိုတာ သူပဲသိမှာကိုး။”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

အင်းမရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဥ် ၊ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
အင်းမရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဥ် ၊ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကောင်စီတပ်လာသည်သတင်းကြား၍ နယ်ခံအမျိုးသားတစ်ဦး ကြိုးဆွဲချ‌အဆုံးစီရင်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက အင်းမကျေးရွာအား နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းထိုးလာသည်သတင်းကြား၍ ဒေသခံအမျိုးသားတစ်ဦး ကြိုးဆွဲချကာ အဆုံးစီရင်သွားကြောင်း နယ်ခံသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၉ရက် နံနက်ပိုင်းက ကျွန်းလှမြို့နယ်၊ ကြာတကန်နှင့် ထန်းပင်ကုန်းကျေးရွာမှ စစ်ကောင်စီစစ်ကြောင်းသည် ပင့်သာတိုက်နယ်သို့ ဦးတည်လာသည်ဟု သတင်းကြား၍ ပင့်သာကျေးရွာနေ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားသည် ယခင်က စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရရာမှ ထွက်ပြေးလွတ်မြောက်လာခဲ့သူဖြစ်ပြီး နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် ကျန်းမာရေးချို့တဲ့နေသူဖြစ်ကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီစစ်ကြောင်းက အတော်ဆိုးတယ်ဗျ။ပိတ်မိသမျှ ပြည်သူတွေ အကုန်သတ်တာ။ သတ်သေသွားတဲ့သူကလည်း ဘယ်လောက်နှိပ်စက်ခံထားရလဲဆိုတာ သူပဲသိမှာကိုး။”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၃၆၈) နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်ပါဝင်ပြီး ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေရာ ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) နံနက် ၁၁နာရီခန့်က ပင့်သာတိုက်နယ်၊ အင်းမရွာအား ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့နောက် ကျေးရွာအတွင်း နှစ်ရက်ဆက်တိုက်တပ်စွဲထားကာ ယနေ့ (ဇန်နဝါရီလ ၂၂ ရက်)နံနက် ၇ နာရီ ၄၀ မိနစ်တွင် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုမသိရသေးကြောင်း နယ်ခံများက ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့နံနက် ၁၀နာရီခန့်တွင် အင်းမရွာမှ ပေကုန်း (တောင်)ရွာသို့ ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ပျူများသည် မီးရှို့ဖျက်ဆီးမှုမလုပ်မီ ပြည်သူ့နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများအား သိမ်းယူသွားလေ့ရှိကြောင်း၊ ထို့အပြင် ကျေးရွာများအတွင်း ပိတ်မိနေသည့် ဒေသခံများကိုပါ သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။