Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးမြို့သို့ ဓာတ်အားပို့လွှတ်နေသည့် တီကျစ်မဟာဓာတ်အားလိုင်း မိုင်းခွဲဖျက်ဆီးခံရ

ယမန်နှစ်ကလည်း လောပိတဓာတ်အားစက်ရုံမှ ချိတ်ဆက်သည့် မဟာဓာတ်အားလိုင်းများဖောက်ခွဲခံရပြီး ရန်ကုန်အပါအဝင်မြို့ကြီးအချို့ ၌ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုရှိခဲ့သည်။

(ယမန်နေ့ညပိုင်းက ဖောက်ခွဲဖျက်စီးခံရသော မဟာဓာတ်အားလိုင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - UKSY)
(ယမန်နေ့ညပိုင်းက ဖောက်ခွဲဖျက်စီးခံရသော မဟာဓာတ်အားလိုင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - UKSY)

နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးမြို့သို့ ဓာတ်အားပို့လွှတ်နေသည့် တီကျစ်မဟာဓာတ်အားလိုင်း မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်)ညပိုင်းက မဟာဓာတ် အားလိုင်းမှူးရုံး(လွိုင်ကော်)မှ တာဝန်ယူထိန်းသိမ်းရသော ဆော်ဒီဒေါကျေးရွာအနီးရှိ ၁၃၂ကေဗွီ ဘီလူးချောင်း(၂)-တီကျစ်မဟာ ဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်မှုပြတ်တောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အခု ဖောက်ခွဲခံရတဲ့ ဓာတ်အားလိုင်းလောပီတ အမှတ်(၁)စက်ရုံကနေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးကို ဓာတ်အားပေးပို့နေတဲ့ဟာ “ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ယခု ဖောက်ခွဲခံရသည့် ဓာတ်အားလိုင်းနှင့်ဆက် စပ်၍မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့သည်ကို အတည်ပြုမရသေးပေ။

Public Service Announcement

Public Service Announcement

ယမန်နှစ်ကလည်း လောပိတဓာတ်အားစက်ရုံမှ ချိတ်ဆက်သည့် မဟာဓာတ်အားလိုင်းများဖောက်ခွဲခံရပြီး ရန်ကုန်အပါအဝင်မြို့ကြီးအချို့ ၌ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။