နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးမြို့သို့ ဓာတ်အားပို့လွှတ်နေသည့် တီကျစ်မဟာဓာတ်အားလိုင်း မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်)ညပိုင်းက မဟာဓာတ် အားလိုင်းမှူးရုံး(လွိုင်ကော်)မှ တာဝန်ယူထိန်းသိမ်းရသော ဆော်ဒီဒေါကျေးရွာအနီးရှိ ၁၃၂ကေဗွီ ဘီလူးချောင်း(၂)-တီကျစ်မဟာ ဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်မှုပြတ်တောက်ခဲ့သည်ဟု ဆိုသည်။

“အခု ဖောက်ခွဲခံရတဲ့ ဓာတ်အားလိုင်းလောပီတ အမှတ်(၁)စက်ရုံကနေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးကို ဓာတ်အားပေးပို့နေတဲ့ဟာ “ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
ယခု ဖောက်ခွဲခံရသည့် ဓာတ်အားလိုင်းနှင့်ဆက် စပ်၍မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့သည်ကို အတည်ပြုမရသေးပေ။

Public Service Announcement
ယမန်နှစ်ကလည်း လောပိတဓာတ်အားစက်ရုံမှ ချိတ်ဆက်သည့် မဟာဓာတ်အားလိုင်းများဖောက်ခွဲခံရပြီး ရန်ကုန်အပါအဝင်မြို့ကြီးအချို့ ၌ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုရှိခဲ့သည်။
