Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်

“စစ်ကောင်စီကတော့ သူတို့ကို ဘယ်အဖွဲ့ကပဲ ပစ်ပစ် ရွာထဲကိုပဲ လက်နက်ကြီးပစ်မှာလို့ပြောတယ်။ သူတို့အဲ့လိုပြောတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အခုဆို သက်ကြီးရွယ်အို တချို့လောက်ပဲ ရွာထဲကျန်ခဲ့တယ်” ဟု ဝင်းကံရွာသားတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

လက်နှက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်
လက်နှက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်

ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း လက်နက်ကြီးဒဏ်ကြောင့် ဒေသခံပြည်သူ(၄၀၀၀)နီးပါး ထွက်ပြေးတိမ်းရှောင်နေရ‌ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်သည်။

ထို့အပြင် ရက်သတ္တ (၃)ပတ်အတွင်း ဒေသခံပြည်သူတစ်ဦးသေဆုံးကာ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ဇန်နဝါရီလ(၁၆)ရက် နံနက်ကိုးနာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ကေအဲန်ယူ-ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးနယ်၊ ဝင်းကံကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ခြင်းကြောင့် ဝင်းကံကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ၏ နေအိမ်သုံးလုံး ထိမှန်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လက်နှက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်
လက်နှက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်

“စစ်ကောင်စီကတော့ သူတို့ကို ဘယ်အဖွဲ့ကပဲ ပစ်ပစ် ရွာထဲကိုပဲ လက်နက်ကြီးပစ်မှာလို့ပြောတယ်။ သူတို့အဲ့လိုပြောတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အခုဆို သက်ကြီးရွယ်အို တချို့လောက်ပဲ ရွာထဲကျန်ခဲ့တယ်” ဟု ဝင်းကံရွာသားတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည်​ ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် မကြာခဏပစ်ခတ်တတ်ပြီး ဝင်းကံကျေးနယ်၊ ဇီးပြောင်းကျေးနယ်၊ ပျဉ်းကတိုးကျေးနယ်နှင့် ခရွဲကျေးနယ်များတွင် လက်နက်ကြီးအများဆုံးကျရောက်ပေါက်ကွဲခဲ့ကာ ယင်းကျေးနယ်များအတွင်းမှ ဒေသခံပြည်သူ(၃၈၀၀)ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများကြောင့် ဇန်နဝါရီလ(၁)ရက်မှ (၂၃)ရက်အတွင်း လက်နက်ကြီးထိမှန်သေဆုံးသူ အရပ်သားတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ အရပ်သား(၁၀)ဦးအထိ ရှိပြီဖြစ်ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။