Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်

“စစ်ကောင်စီကတော့ သူတို့ကို ဘယ်အဖွဲ့ကပဲ ပစ်ပစ် ရွာထဲကိုပဲ လက်နက်ကြီးပစ်မှာလို့ပြောတယ်။ သူတို့အဲ့လိုပြောတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အခုဆို သက်ကြီးရွယ်အို တချို့လောက်ပဲ ရွာထဲကျန်ခဲ့တယ်” ဟု ဝင်းကံရွာသားတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

လက်နှက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်
လက်နှက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်

ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း လက်နက်ကြီးဒဏ်ကြောင့် ဒေသခံပြည်သူ(၄၀၀၀)နီးပါး ထွက်ပြေးတိမ်းရှောင်နေရ‌ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်သည်။

ထို့အပြင် ရက်သတ္တ (၃)ပတ်အတွင်း ဒေသခံပြည်သူတစ်ဦးသေဆုံးကာ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ဇန်နဝါရီလ(၁၆)ရက် နံနက်ကိုးနာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ကေအဲန်ယူ-ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးနယ်၊ ဝင်းကံကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ခြင်းကြောင့် ဝင်းကံကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ၏ နေအိမ်သုံးလုံး ထိမှန်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လက်နှက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်
လက်နှက်ကြီးဒဏ်ကြောင့် ကျေးရွာများထိခိုက်မှုအခြေအနေ KNU ထုတ်ပြန်

“စစ်ကောင်စီကတော့ သူတို့ကို ဘယ်အဖွဲ့ကပဲ ပစ်ပစ် ရွာထဲကိုပဲ လက်နက်ကြီးပစ်မှာလို့ပြောတယ်။ သူတို့အဲ့လိုပြောတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အခုဆို သက်ကြီးရွယ်အို တချို့လောက်ပဲ ရွာထဲကျန်ခဲ့တယ်” ဟု ဝင်းကံရွာသားတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည်​ ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် မကြာခဏပစ်ခတ်တတ်ပြီး ဝင်းကံကျေးနယ်၊ ဇီးပြောင်းကျေးနယ်၊ ပျဉ်းကတိုးကျေးနယ်နှင့် ခရွဲကျေးနယ်များတွင် လက်နက်ကြီးအများဆုံးကျရောက်ပေါက်ကွဲခဲ့ကာ ယင်းကျေးနယ်များအတွင်းမှ ဒေသခံပြည်သူ(၃၈၀၀)ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများကြောင့် ဇန်နဝါရီလ(၁)ရက်မှ (၂၃)ရက်အတွင်း လက်နက်ကြီးထိမှန်သေဆုံးသူ အရပ်သားတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ အရပ်သား(၁၀)ဦးအထိ ရှိပြီဖြစ်ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။