Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းကောက်နေသောအဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်

ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ထိခိုက် မှုအခြေအနေကိုမသိရသေးဘဲ မဟာမိတ်အဖွဲ့များဘက်ကမူ အထိအခိုက်မရှိဟုဆိုသည်။

မတ္တရာနယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းကောက်နေသောအဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်
မတ္တရာနယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းကောက်နေသောအဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေသောအဖွဲ့အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၂၃ ရက်က မတ္တရာမြို့နယ်ရှိ ဟင်္သာကုန်းကျေးရွာတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် စာရင်းလိုက်လံကောက်ယူနေသော အဖွဲ့နှင့် စစ်ကောင်စီတပ်သားများအား မဟာမိတ်များက ဒရုန်းလေးစီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လာတဲ့အဖွဲ့ထဲမှာ လဝကပါတယ်။ စကစ အင်အား ၂၀နဲ့လာတာ။”ဟု Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ထိခိုက် မှုအခြေအနေကိုမသိရသေးဘဲ မဟာမိတ်အဖွဲ့များဘက်ကမူ အထိအခိုက်မရှိဟုဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကောင်းကင်၏ တော်လှန်ရေးအင်အားစု၊ ADRF (Madaya)၊SKY HERO (Madaya)၊ A B R F – Madaya၊ဒေါင်းစစ်သည် (Madaya)၊နတ်ဆိုး‌မြေအောက် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် ထွေအုပ်ရုံးများ၊ လဝကရုံးများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။