Connect with us

Hi, what are you looking for?

သတင်း

နေအိမ်များမီးရှို့ခံထားရသည့် ဖားကန့် ဆယ်ဇင်းရွာ ပြည်သူများအား ရွာ၌ ပြန်လည်နေထိုင်ရန် စစ်ကောင်စီ ဖိအားပေးစေခိုင်း

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

▪︎ရွာပြန်မနေပါက နေအိမ်များ၊ မြေနေရာများကို ရွှေမျှောလုပ်ပစ်မည်ဟု ခြိမ်းခြောက်

စစ်ကောင်စီတပ်က နေအိမ်များမီးရှို့ဖျက်ဆီးထားသည့် ဖားကန့်မြို့နယ် ဆယ်ဇင်ရွာမှ ဒေသခံ များကို မိမိရွာသို့ ပြန်လည်နေထိုင်ရန် စစ်ကောင်စီတပ်ကဖိအားပေး ခြိမ်းခြောက်​နေ၍ စစ်ရေးတင်းမာနေသည့် အခြေအနေ၌ပင် ရွာ၌ ပြန်လည်နေထိုင်နေကြရသည်ဟုဆယ်ဇင်းရွာခံက ပြောသည်။

၂၀၂၂ ဩဂုတ်လက ဆယ်ဇင်းဒေသတိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA) တို့က ဆယ်ဇင်းရွာမှနေအိမ် ရာနှင့်ချီမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ခြင်းများကျူးလွန်ခဲ့သဖြင့် ​ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

“မီးရှို့ခံထားရတဲ့ မြေနေရာတွေ အိမ်တွေ ကို လာပြန်မနေဘူးဆိုလို့ရှိရင် သူတို့ သိမ်းမယ် ရွှေမြောလုပ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ တစ်အိမ်တစ်ယောက်တော့ သွားပြီးနေထားကြတယ်။ မိသားစု ၅ဦးရှိရင် တစ်ယောက်ပေါ့ မြေကြီးတွေ သိမ်းမှာဆိုးလို့ သူတို့လက်အောက်မှာ သွားနေကြတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ သွားနေကြရတာ အသက်အာမခံကတော့ ဘယ်သူမှ မပေးဘူး”ဟု ဆယ်ဇင်းရွာခံတစ်ဦးက ပြောသည်။

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

ထိုသို့ခြိမ်းခြောက်ထားသည်မှာ သုံးလကြာပြီဖြစ်ပြီး ယမန်နေ့ (ဇန်နဝါရီ ၂၆ရက်)နံနက်အ​စောပိုင်းတွင် ဆယ်ဇင်းဒေသ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ဆယ်ဇင်းဒေသရှိ SNA တပ်စခန်း ၃ခုကိုတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့သည်ဟုဒေသခံက ​ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့(စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ)အထိအခိုက်တော့ တော်တော်များတယ်လို့ ပြောတယ်။ အတိအကျတော့မသိရဘူး။ခံထားတဲ့ ပြည်သူတွေက အားလုံး ဝမ်းသာတာပေါ့ ကျွန်မတို့ အပါအဝင်ပေါ့။ ဆယ်ဇင်းရဲ့ နယ်မြေကို စစ်ကောင်စီနဲ့ SNAက မီးရှို့ထားတယ်။ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ထားတယ်။ ပစ်သတ်ထားတဲ့အခါကျတော့ PDFနဲ့ KIAက ပြန်ပြီး တုံ့ပြန်ပေးတဲ့အတွက် အားလုံးဝမ်းသာပီတိဖြစ်နေကြတာ” ဟု ဆယ်ဇင်းရွာခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။