Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ ရှမ်းနီ SNA၏ဖားကန့်မှစခန်း သုံးခုကို KIA/PDF ပူး​ပေါင်းတိုက်ခိုက်သိမ်းပိုက်

ဆယ်ဇင်းဒေသရှိ အခြားဒေသခံတစ်ဦးကလည်းစစ်ကောင်စီတပ်နှင့်ရှမ်းနီပူးပေါင်းတပ်စွဲထားသောဆည်ဆင်းကျေးရွာမှ ရွှေသွေးဂိတ်ကို KIA/PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ရွှေသွေးဂိတ် ပြာကျသွားသည်ဟု ပြောသည်။

(KIAတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းများဖြစ်ပါသည်) ဓါတ်ပုံ-Getty Images)
(KIAတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းများဖြစ်ပါသည်) ဓါတ်ပုံ-Getty Images)

▪︎စစ်ကောင်စီတပ်နှင့်ရှမ်းနီတပ်များသေဆုံးထိခိုက်ရှိပြီး လက်နက်များလည်းရရှိဟုသိရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီလက်အောက်ခံ ရှမ်းနီလက်နက်ကိုင်တပ်(SNA) တပ်စွဲရာ နေရာ ၃နေရာကို ယနေ့မနက် စောပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်PDF ပူး​ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဆယ်ဇင်းဒေသခံက ပြောသည်။

“KIA နယ်မြေကို SNA ရှမ်းနီကကျူးကျော်ထားတာ။ ကျူးကျော်ထားတဲ့နေရာကို KIAက ပြန်ပြီးတော့သိမ်းတာပေါ့။သိမ်းပိုက်နိုင်ပြီးပါပြီ ၅နာရီထိုးတာနဲ့ပြီးသွားပါပြီ။ဆယ်ဇင်းရဲ့ ပန်ချယ်ရယ်၊ ရွှေတွင်းလမ်းဆုံရယ် မှန်စိမ်းရယ် ပေါ့ အဲဒီ သုံးနေရာကို သိမ်းပိုက်နိုင်ပါပြီ။ အဲဒါ သူတို့ အထိုင်စခန်းတွေပေါ့။ သူတို့ဘက်က တော်တော်ကျတယ်နေမယ်။ တော်တော်ကျတဲ့အခါကျတော့သူတို့ ဆုတ်ပေးလိုက်ရတာပေါ့ နောက်ကို” ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

စခန်း သုံးခုလုံးကို ပိုင်ပိုင်နိုင်နိုင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်၍ လက်နက်ခဲယမ်းများလည်း ရရှိမည်ဖြစ်ကြောင်း ၎င်း ကဆဆက်​ပြောသည်။

“(လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေ)တိတိကျကျတော့ မသိဘူး။ KIA နဲ့ PDF ဘက်က အထိအခိုက်မရှိဘူး” ဟုဆယ်ဇင်းဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

(KIAတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းများဖြစ်ပါသည်) ဓါတ်ပုံ-Getty Images)
(KIAတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းများဖြစ်ပါသည်) ဓါတ်ပုံ-Getty Images)

ယခု တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် SNA တပ်စခန်းများသည် အင်အား ၅၀မှ ၈၀ အကြားရှိ တပ်စခန်းများ ဖြစ်သည်ဟုသိရသည်။

ဆယ်ဇင်းဒေသရှိ အခြားဒေသခံတစ်ဦးကလည်းစစ်ကောင်စီတပ်နှင့်ရှမ်းနီပူးပေါင်းတပ်စွဲထားသောဆည်ဆင်းကျေးရွာမှ ရွှေသွေးဂိတ်ကို KIA/PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ရွှေသွေးဂိတ် ပြာကျသွားသည်ဟု ပြောသည်။

“ မနက်မလင်းခင်ကတည်းက ချနေကြတာ။ စစ်တပ် စခန်းကို စွန့်ပြေးပြီလို့ကြားရပါတယ်”ဟုဆယ်ဇင်းဒေသခံက ပြောသည်။

ကချင်စစ်ရေးသတင်းများ ဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးကလည်း ” အာဏာသိမ်း အကြမ်းဖက်အဖွဲ့နှင့် ရှမ်းနီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ SNA ပူးပေါင်းအဖွဲ့၏ ရွှေသွေးဟုခေါ်သောတပ်စခန်းအားကချင်လွတ်မြောက်ရေးတပ်မတော် KIA,တပ်မဟာ ၉ ,အမှတ် ၂၆ တပ်ရင်းတပ်ဖွဲ့များမှသွားရောက်တိုက်ခိုက်ရှင်းလင်း ခဲ့ပြီးအကြမ်းဖက်စစ်တပ်၏ လက်နက်ခဲယမ်း၊ရိက္ခာအများအပြားကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့်စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့မှထိခိုက်သေဆုံးမှုများသောကြောင့်တစ်ချို့မှာသေနတ်ကိုလွှတ်ပစ်ကာထွက်ပြေးဆုတ်ခွာသွားကြကြောင်းလည်းသတင်းရရှိသည်” ဟု ၎င်း၏​ဖေစ်ဘွခ်တွင်ရေးသားအသိ​ပေးထားသည်။

ဖားကန့်ဒေသ၌ တိုက်ပွဲဖြစ်ပွားနေမှုကို KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု​သော်လည်း အသေးစိတ် အခြေအနေမသိရသေးဟု ယနေ့မနက်တွင် ပြောသည်။

ထို့အပြင်ဖားကန့်ကာမိုင်းဒေသ၊နမ်ဆိုင်ရွာတွင်လည်းယနေ့မနက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကာမိုင်းအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်လျက်ရှိကြောင်း ဒေသခံက ပြောသည်။

“စစ်ဆေးရေးဂိတ်အတိုက်ခံရတာ။ ဒီနေ့မနက် မိုးကောင်း-ဖားကန့်လမ်းတကြောမှာ တိုက်ပွဲတွေဖြစ်နေတယ်ကြားတယ်။ ကားတွေလည်း ပိတ်မိနေလို့ သတင်းနားစွင့်ပြီးမှ လာကြပါ”ဟု မိုးကောင်းမြို့ခံတစ်ဦးကပြောသည်။

ထို​ကြောင့်KIA၊PDF ပူး​ပေါင်းတပ်များသည် ယမန်​နေညတွင် ဖားကန့် ​မှော်ဆီဇာရှိ စစ်​ကောင်စီ၏ ​မှောဆီဇာရဲစခန်းကို တိုက်ခိုက် မီးရှို့ခဲ့ပြီး ၊ နံနက်အ​စောပိုင်း စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကာ၊ မိုး​ကောင်း-ဖားကန့်လမ်းတစ်​ကြောတွင်လည်းတိုက်ပွဲများဖာ်​ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။