Connect with us

Hi, what are you looking for?

သတင်း

အိမ်စီးကားနှင့်ခရီးသည်တင်ကားတိုက်မိပြီးအိမ်စီးကား​ပေါ်ပါသူ ၅ ဦးစလုံး​သေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးမှ ကနင်ကမော့နှင့် အောင်သာယာရွာကြားလမ်းပိုင်းတွင်ယမန်နေ့(ဇန်နဝါရီလ၂၇ရက်) ည၆ နာရီ ၄၀မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)

ရေး-သံဖြူဇရပ်အဝေးပြေးလမ်းတွင်ခရီးသည်တင်ယာဥ်နှင့်အိမ်စီးကားတစ်စီးတိုက်မိပြီး အိမ်စီးကားပေါ်ပါလာသူ (၅)ဦးလုံး​နေရာတင် ​သေဆုံးခဲ့သည်။

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးမှ ကနင်ကမော့နှင့် အောင်သာယာရွာကြားလမ်းပိုင်းတွင်ယမန်နေ့(ဇန်နဝါရီလ၂၇ရက်) ည၆ နာရီ ၄၀မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)

“အိမ်စီးကားကပရို​ဘောက်စ် ကားပါ။ကားပေါ်မှာကလေးတစ်ယောက်နဲ့ လူကြီးလေးယောက်ပါလာတာ။ ငါးဦးလုံးသေဆုံးသွားပါတယ်။ ထိန့်လန့်စရာပါပဲ” ဟု ယာဥ်တိုက်မှုဖြစ်ရာနေရာအနီးမှ ဒေသခံတစ်ဦးကပြောသည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)

အိမ်စီးကားမှာယာဥ်တိုက်မှုတွင် ဆိုးရွားစွာပျက်စီး​နေသည်ကိုလည်း သတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများသည် ရေဖြူမြို့နယ်ဇာတိဖြစ်ပြီး ၎င်းတို့၏ နေရပ်သို့ အပြန်တွင် အထက်ပါ အဖြစ်ဆိုးနှင့်ကြုံခဲ့ခြင်း လူမှုရေးအဖွဲ့များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။