Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိမ်စီးကားနှင့်ခရီးသည်တင်ကားတိုက်မိပြီးအိမ်စီးကား​ပေါ်ပါသူ ၅ ဦးစလုံး​သေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးမှ ကနင်ကမော့နှင့် အောင်သာယာရွာကြားလမ်းပိုင်းတွင်ယမန်နေ့(ဇန်နဝါရီလ၂၇ရက်) ည၆ နာရီ ၄၀မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)

ရေး-သံဖြူဇရပ်အဝေးပြေးလမ်းတွင်ခရီးသည်တင်ယာဥ်နှင့်အိမ်စီးကားတစ်စီးတိုက်မိပြီး အိမ်စီးကားပေါ်ပါလာသူ (၅)ဦးလုံး​နေရာတင် ​သေဆုံးခဲ့သည်။

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးမှ ကနင်ကမော့နှင့် အောင်သာယာရွာကြားလမ်းပိုင်းတွင်ယမန်နေ့(ဇန်နဝါရီလ၂၇ရက်) ည၆ နာရီ ၄၀မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)

“အိမ်စီးကားကပရို​ဘောက်စ် ကားပါ။ကားပေါ်မှာကလေးတစ်ယောက်နဲ့ လူကြီးလေးယောက်ပါလာတာ။ ငါးဦးလုံးသေဆုံးသွားပါတယ်။ ထိန့်လန့်စရာပါပဲ” ဟု ယာဥ်တိုက်မှုဖြစ်ရာနေရာအနီးမှ ဒေသခံတစ်ဦးကပြောသည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)

အိမ်စီးကားမှာယာဥ်တိုက်မှုတွင် ဆိုးရွားစွာပျက်စီး​နေသည်ကိုလည်း သတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

သေဆုံးသူများသည် ရေဖြူမြို့နယ်ဇာတိဖြစ်ပြီး ၎င်းတို့၏ နေရပ်သို့ အပြန်တွင် အထက်ပါ အဖြစ်ဆိုးနှင့်ကြုံခဲ့ခြင်း လူမှုရေးအဖွဲ့များကပြောသည်။