Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သံဖြူဇရပ်မြို့နယ် နယ်မြေရဲစခန်း ရေးပြောက်ကျားတပ် တိုက်ခိုက်

မိနစ် ၂၀ခန့်​ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ချိန်အကန့်အသတ်ကြောင့် စခန်းအား သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

(YGF-ရေးပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - YGF)
(YGF-ရေးပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - YGF)

စစ်ကောင်စီလက်ပါးစေ ရဲသုံးဦးသေဟုဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာ အခြေစိုက်နယ်မြေရဲစခန်း ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်ပါးစေ ရဲသုံးဦးသေဆုံးကြောင်း YGF – ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယန့(ဇန်နဝါရီ ၁၈ရက်) နံနက် ၆နာရီခွဲခန့်တွင် အင်အား ၁၀ဦးခန့်ရှိ အဆိုပါရဲစခန်းကို YGF- ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

မိနစ် ၂၀ခန့်​ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ချိန်အကန့်အသတ်ကြောင့် စခန်းအား သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

တိုက်ပွဲတွင် ရဲသုံဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း မြေပြင်သတင်းအရ YGF က ကိုးကားသည်။

Public Service Announcement

Public Service Announcement

“မနက်မိုးလင်းကတည်းက ပစ်ခတ်သံတွေကြားရတော့ ပြေးကြရတာ။လက်နက်ကြီးပေါက်ကွဲသံက မြေကြီးပါတုန်တယ်။ ရဲသုံးဦး ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်”ဟု ထင်းရှုးကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ယခုအချိန်တွင် ရဲဘော်များအားလုံး လွတ်မြောက်နယ်မြေသို့ ပြန်လည်ရောက်ရှိလာပြီးဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။