Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင် -ကြာအင်းဆိပ်ကြီးအကြားရှိဒါလီတံတားကို မိုင်းခွဲပြီးစစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်

ဒါလီတံတားကို တိုက်ခိုက်ဖျက်ဆီးခြင်းသည် ရန်သူ၏ စစ်ကူလမ်းကြောင်း၊ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်မှု ဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

(ဒါလီတံတားကို မိုင်းခွဲပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)
(ဒါလီတံတားကို မိုင်းခွဲပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)

စစ်ရေးလိုအပ်ချက်အရ ဆောင်ရွက်ရခြင်းဖြစ်၍လူထုမှ နားလည်ပေးရန် KNU သတင်းရင်းမြစ်ပန်ကြား

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ဒါလီတံတားကို တော်လှန်ရေးအင်အားစုများက မိုင်းခွဲပြီး စစ်ကောင်စီ၏ ထောက်ပံပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်သည်။

အဆိုပါ တံတားကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပထမတစ်ကြိမ် မိုင်းခွဲဖျက်ဆီးခဲ့ပြီး ယမန်နေ့ညပိုင်း၌ ဒုတိယအကြိမ်မိုင်းခွဲရာ တံတားမှာလုံး၀ သွားမရသည့်အခြေအနေဖြစ်သွားပြီဟု ဒေသခံက ပြောသည်။

(ဒါလီတံတားကို မိုင်းခွဲပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)
(ဒါလီတံတားကို မိုင်းခွဲပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)

“ဒါလီတံတားက အခုအခြေအနေက လုံး၀ကို ကားသွားလို့မရတော့ဘူး။ သူက ကြာအင်းဆိပ်ကြီးကနေသွားလို့ရှိရင်သံပုရာရွာကို ဖြတ်သွားရမှာပေါ့။ မြို့ဆိုရင်တော့ မော်လမြိုင်ပေါ့။ ကျွန်​တော်တို့သိရသလောက်ဆိုမနက်မိုးလင်းမှသူများတွေသတင်းလှမ်းပို့လို့ သိရတာ။ပထမတစ်ခေါက်ကဒီရက်ပိုင်းအတွင်းမှာတစ်ခါဖျက်ထားတယ်မပျက်ဘူး။ အဲဒီတုန်းက ကားပြန်သွားလို့ရတယ်။ အခု ဒီတစ်ခေါက်ကျတော့ လုံး၀ သွားလို့မရအောင်ဖျက်ချလိုက်တာ” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဒါလီတံတားကို တိုက်ခိုက်ဖျက်ဆီးခြင်းသည် ရန်သူ၏ စစ်ကူလမ်းကြောင်း၊ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်မှု ဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ထောက်ပို့ရေးလမ်းကြောင်းကို ဖြတ်တောက်တဲ့သဘော။ ဘယ်တပ်မဟာ ဘယ်ခရိုင် ဖြစ်ဖြစ် တံတားတွေက ဖြိုတာပဲ။ တပ်မဟာ(၃)ဘက်လည်း ဖြိုတာပဲ။ လူထုက အထင်အမြင်မလွဲမှားဖို့ကတော့ ပန်ကြားချင်တာပေါ့။ ဘာဖြစ်လဲဆိုတော့လိုအပ်ချက်အရ ဆောင်ရွက်ရတာဖြစ်တာ။ဘာဖြစ်လို့လည်းဆိုတော့ မဖျက်ရင် သူတို့က စစ်ကူလာရင် မြန်တာပေါ့။ အဲဒါ အဓိက ရည်ရွယ်ချက်ပါ” ဟု KNUသတင်းရင်းမြစ်က ပြောသည်။

(ဒါလီတံတားကို မိုင်းခွဲပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)
(ဒါလီတံတားကို မိုင်းခွဲပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)

ကြာအင်းဆိပ်ကြီးနယ်တွင် KNUဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့်စစ်ကောင်စီတို့တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ယခုဇန်နဝါရီ ၄ရက်ကကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီ၏ တပ်ရင်း ၃ရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်းထိ ထိုးဖောက်နိုင်ခဲ့သည်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင်သေဆုံးမှုများခဲ့သည်ဟု တိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့အချို့က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က တပ်ရင်းဌာနချုပ်များ မကျစေရန် လေကြောင်း ပစ်ကူအလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။