Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်ထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလုံးစုံ ပျက်သုဉ်းမှုမျိုး ဖြစ်လာနေပြီလို့ ကုလသမဂ္ဂဆို

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှာဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အရပ်သားအစိုးရကိုစစ်တပ်ကမတရားဖမ်းဆီးပြီးအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လူ့အခွင့်အရေး ကိစ္စအပါအဝင် ကဏ္ဍပေါင်းစုံမှာ နိုင်ငံရဲ့ အခြေအနေက တောက်လျှောက် ဆုတ်ယုတ် လာနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တက်ခ်က ဆိုပါတယ်။

(စစ်​ကောင်စီတပ်ကဇန်နဝါရီ ၁၅ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ ​ရေဦးမြို့နယ်ချမ်းသာရွာက"ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ"ခရစ္စယာန်ဘုရားရှိခိုးကျောင်း။ ။ဓါတ်ပုံ-CJ)

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအပြီး နိုင်ငံရဲ့ အခြေအနေဟာ အလုံးစုံ ပျက်သုဉ်းမှုတွေဆီ ဦးတည်ပြီး စိုက်ဆင်းနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာဌာနအကြီးအကဲက ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှာဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အရပ်သားအစိုးရကိုစစ်တပ်ကမတရားဖမ်းဆီးပြီးအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လူ့အခွင့်အရေး ကိစ္စအပါအဝင် ကဏ္ဍပေါင်းစုံမှာ နိုင်ငံရဲ့ အခြေအနေက တောက်လျှောက် ဆုတ်ယုတ် လာနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တက်ခ်က ဆိုပါတယ်။

ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ဖို့ စစ်တပ်မှာ သတ်မှတ်စည်းမျဉ်း ဥပဒေတွေ ရှိထားပေမယ့်လည်း အာဏာသိမ်း စစ်တပ် လက်အောက်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု ဥပဒေတွေ စိုးမိုးမှုက မရှိသလောက်ထိ ကျဆင်းသွားကြောင်း၊ တကယ်တမ်းမှာ စစ်တပ်ဟာ ပြည်သူကို ကာကွယ်ရမယ့်အစား ပစ်မှတ်ထားပြီး ရန်လိုတိုက်ခိုက်နေကြောင်းလည်း သူက ပြောပါတယ်။

Public Service Announcement
Public Service Announcement

နောက်ပြီး စစ်တပ်အနေနဲ့ လူနေရပ်ရွာတွေကို မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ပစ်ခတ်တာတွေအပြင် ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ဥပဒေမဲ့ စီရင်ကွပ်မျက်တာတွေပါ လုပ်ဆောင်နေတယ်လို့ တက်ခ်က ဆက်ပြောသွားပါသေးတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်ချက်ကြောင့် သေဆုံးသူ ၂၈၉၀ ထက်မနည်း ရှိခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အဲဒီထဲက အနည်းဆုံး ၇၆၇ ဦးဟာ ဖမ်းဆီး ချုပ်နှောင် ခံရပြီး သေဆုံးခဲ့တာလို့ တက်ခ်က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ရွေးချယ်တင်မြှောက် ခံထားရတဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ အပါအဝင် လူပေါင်း ၁၆၀၀၀ ကျော်လောက်ကိုလည်း တရားလက်မဲ့ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။ နောက်ပြီး စစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁.၂ သန်းလောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး ၇၀၀၀၀ ကျော်လောက်ကတော့ ပြည်ပကို ထွက်ခွာသွားကြပါတယ်။

တက်ခ်က နေ့စဉ်ရက်ဆက် ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေသူတွေအနေနဲ့သူတို့ရဲ့ ပြစ်မှုတွေအတွက်မဖြစ်မနေတာဝန်ယူရမယ်လို့လည်း ပြောပါသေးတယ်။

နိုင်ငံတကာရဲ့ တရစပ်ဝေဖန်ရှုတ်ချမှုတွေရှိနေပေမယ့်လည်းအာဏာသိမ်း စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပပေးပြီး အာဏာသက် ပိုမိုရှည်ကြာအောင် ထိန်းချုပ်ဖို့အားထည့်လုပ်ဆောင်လာ​နေတာကိုလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။