Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ရေးအတွက် ကန်ဒေါ်လာ ၇၆၄ သန်း OCHA တောင်းခံ

အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုအထောက်အပံ့အတွက် မြန်မာပြည်သူ ၄.၅ သန်းထံ ဦးစားပေးရောက်ရှိရေးအတွက်ဒေါ်လာ ၇၆၄ သန်းကိုတောင်းခံခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာပြည်လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ရေးအတွက် ကန်ဒေါ်လာ ၇၆၄ သန်း OCHA တောင်းခံ
မြန်မာပြည်လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ရေးအတွက် ကန်ဒေါ်လာ ၇၆၄ သန်း OCHA တောင်းခံ

▪︎စစ်​ဘေး​ရှောင်များကိုထိ​ရောက်စွာထိ​ရောက်စွာကူညီလိုပါက​ဒေသတွင်းအဖွဲ့အစည်းများနှင့်ချိတ်ဆက်​ဆောင်ရွက်ရန် ကယန်းဒေသစစ်​ရှောင်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူ​ပြော

မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာတုန့်ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ ၇၆၄ သန်း တောင်းခံကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ထုတ်ပြန်သည်။

အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုအထောက်အပံ့အတွက် မြန်မာပြည်သူ ၄.၅ သန်းထံ ဦးစားပေးရောက်ရှိရေးအတွက်ဒေါ်လာ ၇၆၄ သန်းကိုတောင်းခံခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာပြည်သူများသည် မကြုံစဖူး နိုင်ငံရေး၊လူမှုစီးပွားရေး၊လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုအကျပ်အတည်းများကို ရင်ဆိုင်ရင်း ၂၀၂၃ ထဲသို့ ရောက်ရှိလာပြီး စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ လုံခြုံမှုနှင့် ပဋိပက္ခဖြစ်ပွားမှုများမှလည်း လိုအပ်ချက်အသစ်များဖြစ်ပေါ်လာကြောင်း OCHA က ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခမြင့်တက်လာမှုနှင့်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းများလျော့နည်းလာခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၂၀၂၂ အတွင်း တစ်ဟုန်ထိုးတက်လာခဲ့ပြီး ၂၀၂၃ နှစ်အစတွင် နေရပ်စွန့်ခွာသူဦးရေမှာ ၁.၅ သန်းအထိ ရောက်ရှိလာခဲ့ကြောင်း OCHA ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်မြန်မာပြည်သူများသည်စစ်အာဏာသိမ်းပြီးနောက်ပိုင်းကုန်ဈေးနှုန်းတက်ခြင်း၊ပြင်းထန်သောငွေကြေးဖောင်းပွမှု၊ လှုပ်ရှားမှုကန့်သတ်ချက်များ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

လက်ရှိတွင် ဘက်ပေါင်းစုံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် နိုင်ငံတစ်ဝန်းလုံးကို သက်ရောက်မှုရှိပြီး အရပ်သားများအတွက်အကာအကွယ်ပေးရေးအန္တရာယ်များ၊ ဝန်ဆောင်မှုများလက်လှမ်းမီမှုကိုကန့်သတ်ခြင်းနှင့် စားနပ်ရိက္ခာ မလုံခြုံမှုကို ပိုမိုနက်ရှိုင်းစေကြောင်း OCHA က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ ကယန်းဒေသ (ကရင်နီ)မှာစစ်ရှောင်ကပျှမ်းမျှတစ်သိန်းကျော်ရှိနေတယ်။အဲဒီမှာအရေးအကြီးဆုံးလိုအပ်ချက်က စားနပ်ရိက္ခာပဲ။နောက်လိုအပ်တာ ကျန်းမာရေးနဲ့ဆေးဝါး ပိုင်းပေါ့။အရင်ကလည်း နိုင်ငံတကာအကူအညီရှိခဲ့ဖူးတယ်ဆိုပေမယ်လို့အနည်းစုသာထောက်ပံ့နိုင်ခဲ့တယ်။တစ်ခုရှိတာလမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အခြေအနေပေါ့။ ဒါပမေယ်လို့ တကယ်တမ်း အကျိုးသက်ရောက်ချင်တယ်ဆိုရင် ဒေသတွင်းက စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေနဲ့ချိတ်ဆက်ပေးဖို့ နိုင်ငံတကာကူညီရေး အသင်းတွေကို တိုက်တွန်းလိုတယ်”ဟု ကယန်းဒေသစစ်​ရှောင်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူ ဦးအိုက်ခင်မောင်ထွန်းကPeople’s Springသို့ ပြောသည်။

သို့သော် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(UNOCHA)အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှာ အကြမ်းဖက်စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု၊ ပံ့ပိုးကူညီမှုများ လုပ်ဆောင်သည့် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများ ၆၄ ခုထဲတွင် ပါဝင်ကြောင်း Justice For Myanmar က ဖော်ထုတ် အစီရင်ခံသည်။

ကူလလက်​အောက်ခံအဖွဲ့အစည်းများသည် စစ်​ကောင်စီနှင့်ထိ​တွေဆက်ဆံပြီး စစ်​ကောင်စီ ခွင့်ပြု​​သောနရာများ ၊ပြည်သူများကိုသာ ကူညီနိုင်သဖြင့် အမှန်တကယ်အကူအညီလိုအပ်​နေ​​​သော စစ်​ဘေးဒုက္ခသည်များကို မကူညီနိုင်​ကြောင်းစစ်​ဘေး​​ရှောင် အ​ရေး​ဆောင်ရွက်သူများက​ပြောသည်။ထိုအ​ခြေအ​နေသည် စစ်​ကောင်စီကို ကူညီ​နေသကဲ့သို့ပင်ဖြစ်​ကြောင်း​ဝေဖန်​ထောက်ပြကြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း ထိုင်းနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂက အပြင်းအထန် သတိပေး ကန့်ကွက်နေတဲ့ကြားက အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု အစီအစဉ်တွေအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သတင်း

နယ်စပ်မှာ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်မယ့် စင်္ကြံတစ်ခု သတ်မှတ်ပေးရေး ကုလသမဂ္ဂ (UN)ရဲ့ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံခဲ့ကြောင်းသိရပါတယ်။

သတင်း

အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသော လူငယ်များကို လူသားချင်းစာနာသော မူဝါဒအားအခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါရန် အထူးတလည် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဧပြီ ၂၈ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။