Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်မည်ဟု NLD ကြေညာ

တည်ဆဲဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသောစစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိကြောင်း NLD က ဆိုသည်။

(NLD ပါတီအလံလွှင့်ထူ​နေ​သောပါတီ​ထောက်ခံသူတစ်ဦးကို ၂၀၂၀ ​ရွေး​ကောက်ပွဲကြိုကာလတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ)
(NLD ပါတီအလံလွှင့်ထူ​နေ​သောပါတီ​ထောက်ခံသူတစ်ဦးကို ၂၀၂၀ ​ရွေး​ကောက်ပွဲကြိုကာလတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ)

▪︎ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည်ဟုဆို

စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည်ဖြစ်ပြီး စစ်ကောင်စီ နှင့်ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာတွင်အားပေးကူညီသူများအဖြစ်သတ်မှတ်မည်ဟု ယနေ့ ထုတ်ပြန်ကြေညာသည်။

တည်ဆဲဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသောစစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိကြောင်း NLD က ဆိုသည်။

NLD သည် တိုင်းရင်းသားပြည်သူလူထု၏ ရည်မှန်းချက်များ ပြည့်ဝစေရန် တစိုက်မတ်မတ်ဆောင်ရွက်နေရာ ရည်ရွယ်ချက်တူ အင်အားစုများအားလုံးနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်ပြီး အနာဂတ်နိုင်ငံတော်သစ်ကိုလည်း အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်ရန် သံန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း မြန်မာပြည်သူတို့၏ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးလမ်းစဉ်နှင့် စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူနိုင်မည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးတို့အတွက် ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲတွင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်နိုင်ငံရေးပါတီစုစုပေါင်း ၉၁ ပါတီရှိပြီး အနိုင်ရပါတီ ၁၉ ပါတီ နှင့် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်သူများမှ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အတွက် ၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာအနိုင်ရရှိခဲ့သည်။

အဆိုပါရွေးကောက်ပွဲတွင်လွှတ်တော်အရပ်ရပ်အတွက်ကိုယ်စားလှယ်စုစုပေါင်း ၁၁၁၇ ဦး ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခဲ့ရာ ယင်းအနက် NLD ပါတီက ၉၂၀ ဦးဖြင့် မဲဆန္ဒနယ်စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။

သို့သော် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ တည်ဆဲဥပဒေများကိုချိုးဖောက်၍ နိုင်ငံတော်၏ အာဏာကို အဓမ္မလုယူခဲ့ကြောင်း NLD က ဖော်ပြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကန့်ကွက်ခဲ့မှုများအား အာဏာလုစစ်ကောင်စီသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ ပါဝင်သူများကိုဖမ်းဆီးခြင်း၊ စစ်ကြောရေး စခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များ နှင့်လူသားများကိုပါ မီးရှို့ဖျက်ဆီး သတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်း စသည့် အကြမ်းဖက်မှု တို့ဖြင့် ရက်စက်စွာ တုံ့ပြန်ခဲ့သည်။

NLD လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT)၏ မှတ်တမ်းများအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံသဖြင့် ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၂,၆၇၀ ဦး ရှိရာ ၃၇၅၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ၉၈၁၂ ဦးကျန်ရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် NLD ပါတီဝင် ၁,၂၃၂ ဦးပါဝင်သည်ဟု ဆိုသည်။

ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးပါဝင်ခဲ့ပြီး NLD ပါတီဝင် ၈၄ ဦး ပါဝင်ခဲ့သည်။

ထို့အပြင် နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းယူခံရသူ ၆၀၅ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး၏ ပိုင်ဆိုင်မှုများပါဝင်ခဲ့ပြီး NLD ပါတီဝင် ၃၇၁ ဦးတို့၏ ပိုင်ဆိုင်မှုတို့ပါဝင်ခဲ့ကြောင်းNLD-HRDT ကဖော်ပြသည်။

ပါတီရုံးချုပ်အပါအဝင်အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ပါတီပိုင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း ၁၂၀ ကြိမ် ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။